Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ခရိုနီဆီမှာ မင်းအောင်လှိုင် မိသားစုရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ သိမ်းဆည်းရမိ

မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့ဟာ ဖခင်ဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့အတူ အမေရိကန်၊ ကနေဒါ အစိုးရတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပါတယ်။

ထိုင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ခရိုနီဆီမှာ မင်းအောင်လှိုင် မိသားစုရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ သိမ်းဆည်းရမိ
ထိုင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ခရိုနီဆီမှာ မင်းအောင်လှိုင် မိသားစုရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ ခရိုနီ သူဌေးတစ်ဦးရဲ့ ဘန်ကောက်မြို့က တိုက်ခန်းကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့ချိန်တုန်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ ဆက်စပ် ပိုင်ဆိုင်မှုတွေကိုပါ တွေ့ရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကပြောတယ်လို့ရိုက်တာသတင်းက​ဖော်ပြပါတယ်။

မနှစ်တုန်းက အသက် ၅၃ နှစ်အရွယ် ထွန်းမင်းလတ်ရဲ့ နေအိမ်မှာ မင်းအောင်လှိုင်ရဲ့ သားသမီးတွေဆီက ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ဘဏ်စာအုပ်တွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ ထိုင်းသတင်း ရင်းမြစ် ၃ ခုက ပြောပါတယ်။ ထွန်းမင်းလတ်ဟာ စက်တင်ဘာလတုန်းက လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ ငွေကြေး ခဝါချမှုတွေအတွက် အမှုရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Public Service Announcement
Public Service Announcement

ဟိုတယ်၊ စွမ်းအင်နဲ့ သတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာ အလုံးအရင်း ရင်းနှီး မြှုပ်နှံထားတဲ့ ထွန်းမင်းလတ်ဟာ မင်းအောင်လှိုင်နဲ့ နီးစပ်ကျွမ်းဝင်သူ တစ်ဦးဖြစ်ပြီး မြန်မာ စစ်တပ်အတွက် လိုအပ်တဲ့ အသုံးအဆောင် အထောက်အပံ့တွေ ဝယ်ယူပေးတာမျိုး ရှိခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ သူနဲ့ မင်းအောင်လှိုင်တို့ဟာ လက်နက် အရောင်းပြပွဲ တစ်ခုကို ၂၀၁၉ ခုနှစ်က အတူတကွ တက်ရောက်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံတွေလည်း ထွက်ပေးခဲ့ပါတယ်။ လောလောဆယ်တော့ ထွန်းမင်းလတ်ဟာ တရားရင်မဆိုင်ခင် ထိန်းသိမ်း ခံထားရပြီး သူ့ရှေ့နေတွေကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ထွန်းမင်းလတ်ဆီမှာ သူတို့ရဲ့ ဆက်စပ် ပိုင်ဆိုင်မှုတွေ ရှာတွေ့တာနဲ့ ပတ်သက်လို့ မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို ထိုင်းရဲတပ်ဖွဲ့က စွဲချက်တင်စရာ အကြောင်းကိစ္စတော့ မရှိဘူးလို့ ဆိုပါတယ်။ ထွန်းမင်းလတ်ကို စုံစမ်း စစ်ဆေးနေတဲ့ အမှုမှာ မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အထောက်အထားလည်း မရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက လက်ခံထားကြောင်းလည်း အခုဖြစ်စဉ်နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့ဟာ ဖခင်ဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့အတူ အမေရိကန်၊ ကနေဒါ အစိုးရတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပါတယ်။

အခုသိမ်းဆည်းရမိတဲ့ စာရွက်စာတမ်း အထောက်အထားတွေအရ မင်းအောင်လှိုင်နဲ့ ထွန်းမင်းလတ်တို့ကြား အရမ်းနီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ် ဆိုတာကို ပိုမို မြင်သာလာစေခဲ့ပါတယ်။

Justice for Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ အခု တွေ့ရှိမှုတွေက မင်းအောင်လှိုင်ရဲ့ မိသားစုတွေဟာ ထိုင်းနိုင်ငံမှာလည်း ပိုင်ဆိုင်မှုတွေ သိုဝှက် သိမ်းဆည်းထားတယ် ဆိုတာကို ညွှန်ပြနေပြီး ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှု ကျူးလွန်သူတွေ ခိုလှုံနိုင်တဲ့ သုခဘုံတစ်ခု ဖြစ်မလာအောင် လုပ်သင့်တာကို မြန်မြန်ဆန်ဆန် တုံ့ပြန် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ အနူချာ ဘူရာပါချိုင်ဆရီကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ Reuters သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

စက်တင်ဘာလတုန်းက Belle Grand Rama 9 ကွန်ဒိုမှာရှိတဲ့ ထွန်းမင်းလတ်ပိုင် တိုက်ခန်းကို ဝင်ရောက် စီးနင်းရာမှာ ဇိမ်ခံကားတွေ၊ အဖိုးတန် လက်ပတ်နာရီတွေ၊ တန်ဖိုးကြီးအိတ်တွေ၊ ငွေသား ဒေါ်လာ ၂၄၀၀၀၀ နီးပါး အပါအဝင် စုစုပေါင်း ဒေါ်လာ ၉ သန်းနီးပါးလောက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါတယ်။

အဲဒီထဲမှာ အောင်ပြည့်စုံရဲ့ နာမည်နဲ့ Belle Grand Rama 9 ကွန်ဒိုမှာပဲ အိပ်ခန်း ၄ ခန်းပါ တိုက်ခန်းကြီးတစ်ခုကို ၂၀၁၇ ခုနှစ်မှာ ဝယ်ယူထားတဲ့ စာချုပ်ရယ်၊ ခင်သီရိသက်မွန်ရဲ့ နာမည်နဲ့ ထိုင်းစီးပွားရေးဘဏ် (SCB)မှာ အကောင့်ဖွင့်ထားတဲ့ ဘဏ်စာရင်းစာအုပ် နှစ်အုပ်ရယ်ကိုပါ သိမ်းဆည်း ရမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်အလက်တွေကိုတော့ Justice for Myanmarက ရရှိခဲ့ပြီး Reuters သတင်းဌာနက စစ်ဆေး အတည်ပြုထားခဲ့ပါတယ်။ ခင်သီရိသက်မွန်ရဲ့ ဘဏ်အကောင့်တွေက အခုအခါ ပိတ်ထားပြီ ဖြစ်ပေမယ့် ဘယ်သူက ပိတ်လိုက်တာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ SCBရော၊ Belle Grand Rama 9 ကွန်ဒိုကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေကြပါတယ်။

မြန်မာနဲ့ ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ အစိုးရဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချတာမျိုး မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ လတုန်းကလည်း ဒေသတွင်း အစည်းအဝေးတစ်ခု တက်ရောက်ဖို့ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတချို့ကို ထိုင်းက ဖိတ်ကြားခဲ့တာကြောင့် ဒီကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတချို့က အစည်းအဝေး မတက်ဘဲ နေခဲ့ကြပါတယ်။

ကိုးကား-ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။