Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ် ရှဒူးဇွပ်ဒေသ၌ ပြည်သူ့စစ်တိုက်ခိုက်၍ သားအမိနှစ်ဦး ထိခိုက်ပြီး သမီးဖြစ်သူသေဆုံး

“အဲဒီမှာက KIA ဘက်က ရွှေမှော်တွေ ပိတ်ပေးလိုက်တယ်လေ။ အဲဒါ သူတို့လည်း တစ်ဖက်ကနေ လမ်းပြန်ပိတ်လိုက်တာ”ဟု ဒေသခံက ပြောသည်။

ဖားကန့်နယ် ရှဒူးဇွပ်ဒေသ၌ ပြည်သူ့စစ်တိုက်ခိုက်၍ သားအမိနှစ်ဦး ထိခိုက်ပြီး သမီးဖြစ်သူသေဆုံး
ဖားကန့်နယ် ရှဒူးဇွပ်ဒေသ၌ ပြည်သူ့စစ်တိုက်ခိုက်၍ သားအမိနှစ်ဦး ထိခိုက်ပြီး သမီးဖြစ်သူသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် လက်အောက်ခံ မင်းဇင်သန့် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်၍ သားအမိ နှစ်ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က မနက်ပိုင်းမှာ ပြည်သူ့စစ်တွေ ရွာသားတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ နှစ်ယောက်ထိသွားတယ်။ ထိတာရခိုင်သားအမိလို့ ပြောတယ်။ သူတို့ အဲဒီမှာ လက်လုပ်လက်စား လုပ်စားပြီးနေတဲ့ သူတွေလို့ ပြောတယ်။ ၂ယောက်ထိသွားတာ။ ဂျာဝမ်နားမှာပေါ့။ ရှဒူးဇွပ်နဲ့နီးတယ်”ဟု ကချင်ဒေသခံက ပြောသည်။

ကချင်ဒေသ စစ်ရေးသတင်းများဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ရှဒူးဇွပ်ရွာ အနီး ယုဇနစက်ရုံအနောက် တောင်ယာသွားလမ်းတွင် ပြည်သူ့စစ်အဖွဲ့က KIA လာမည်ကို စိုးရိမ်၍ မိုင်းထောင်ထားရာ အသက် (၅၃)နှစ်အရွယ် ဒေါ်သန်းမြိုင်လှနှင့် သမီးဖြစ်သူ အသက် (၁၉)နှစ်အရွယ် မသဲနုတို့ မိုင်းထိပြီး မသဲနုမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း ရေးသားဖော်ပြခဲ့သည်။

Public Service Announcement
Public Service Announcement

မိခင်ဖြစ်သူမှာလည်း ခြေထောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသသည် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ရွှေမှော်များကို ငွေကြေးများ ကောက်ခံလျက်ရှိရာ ယင်းပြည်သူ့စစ်နယ်မြေရှိ ရွှေမှော်များအား ဇန်နဝါရီ ၁၄ရက် နောက်ဆုံးထား၍ ပိတ်သိမ်းရန် ၊ လုပ်ငန်းရှင်များနှင့် ဧည်သည်များဒေသတွင်းမှ ထွက်ခွာရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)က အမိန့်ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ဒေသတွင်းရှိလမ်းများကို ပိတ်ထားသည်ဟုဆိုသည်။

“အဲဒီမှာက KIA ဘက်က ရွှေမှော်တွေ ပိတ်ပေးလိုက်တယ်လေ။ အဲဒါ သူတို့လည်း တစ်ဖက်ကနေ လမ်းပြန်ပိတ်လိုက်တာ”ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။