Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း အရှေ့ပိုင်းက မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကြေညာ

ယူကရိန်း စစ်တပ်ကတော့ ဆိုလီဒါမှာ အရေးနိမ့်နေတာကို ဝန်ခံခဲ့ပေမယ့် မြို့ထဲမှ ခုခံရေးတပ်တွေက ဆက်ပြီး ကြံ့ကြံ့ခံ တိုက်ခိုက်နေဆဲလို့ ပြောပါတယ်။ ပြီးတော့ ဆိုလီဒါကို ထိုးဖောက်လာတဲ့ ရုရှားတပ်တွေ အမြောက်အမြား သေကြေ ပျက်စီးခဲ့တယ်လို့လည်း ယူကရိန်းက အခိုင်အမာ ဆိုပါတယ်။

ယူကရိန်း အရှေ့ပိုင်းက မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကြေညာ
ယူကရိန်း အရှေ့ပိုင်းက မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကြေညာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဆိုလီဒါမြို့ကို သိမ်းယူလိုက်နိုင်ပြီလို့ ရုရှားက ကြေညာပါတယ်။ ဒါဟာ လပေါင်းအတော်ကြာ ကာလ အတောအတွင်း ယူကရိန်း စစ်မြေပြင်မှာ ရုရှား ရရှိလာတဲ့ ပထမဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာ ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ ဖွဲ့စည်းပါဝင်ပြီး ဆားကျင်းတွေနဲ့ သတ္တုမိုင်းတွင်းတချို့ ရှိနေတဲ့ မြို့ကို ရုရှားရဲ့ ကြေးစားတပ်ဖွဲ့လို့ လူသိများတဲ့ ဝက်ဂ်နာတွေက ဦးဆောင် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း စစ်တပ်ကတော့ ဆိုလီဒါမှာ အရေးနိမ့်နေတာကို ဝန်ခံခဲ့ပေမယ့် မြို့ထဲမှ ခုခံရေးတပ်တွေက ဆက်ပြီး ကြံ့ကြံ့ခံ တိုက်ခိုက်နေဆဲလို့ ပြောပါတယ်။ ပြီးတော့ ဆိုလီဒါကို ထိုးဖောက်လာတဲ့ ရုရှားတပ်တွေ အမြောက်အမြား သေကြေ ပျက်စီးခဲ့တယ်လို့လည်း ယူကရိန်းက အခိုင်အမာ ဆိုပါတယ်။

တကယ်လို့ ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ် ဆိုတာသာ မှန်ကန်ရင် စစ်မြေပြင်မှာ ဆက်တိုက် အရေးနိမ့်နေတဲ့ ရုရှားတပ်တွေကို အတိုင်းအတာ တစ်ခုထိ စိတ်ဓာတ် တက်ကြွလာစေဖွယ် ရှိနေပါတယ်။ အဲဒီမြို့ဟာ မဟာဗျူဟာအရ ကြီးကြီးမားမား တန်ဖိုး မရှိပေမယ့် ဝက်ဂ်နာတပ်ဖွဲ့ဟာ မြို့တဝိုက်က သတ္တုတွင်းတွေကို အလိုရှိကြောင်း အတည်ပြုခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဆိုလီဒါနဲ့ ကီလိုမီတာ အနည်းငယ်လောက်ပဲ ကွာဝေးပြီး အချက်အခြာကျတဲ့ ဘက်ခ်မတ်မြို့ကို ထိုးစစ်ဆင်ရာမှာလည်း ရုရှားအတွက် အထောက်အပံ့ကောင်း ရနိုင်မှာ ဖြစ်ပါတယ်။ ဘက်ခ်မတ် တဝိုက်မှာလည်း နှစ်ဖက် စစ်တပ်တွေ ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်နေကြဆဲပါ။

ပူတင်ရဲ့ အဓိက မဟာမိတ် တစ်ဦးဖြစ်သူ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင် တည်ထောင်ထားတဲ့ ဝက်ဂ်နာ တပ်ဖွဲ့ဟာ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ အရင်ကလည်း ပါဝင် တိုက်ခိုက်ခဲ့ဖူးပါတယ်။ လတ်တလောမှာတော့ ဝက်ဂ်နာဟာ ယူကရိန်း စစ်မြေပြင်မှာ ရုရှားရဲ့ လက်စောင်းအထက်ဆုံး တပ်ဖွဲ့တွေထဲက တစ်ခု ဖြစ်လာပါတယ်။

ပရီဂေါ့ဇင်က ပြီးခဲ့တဲ့ အပတ်ကတည်းက သူ့ရဲ့ ကြေးစားတပ်သားတွေဟာ ဆိုလီဒါကို သိမ်းယူခဲ့ပြီးပြီလို့ ကြွားဝါခဲ့ပေမယ့် အဲဒီအချိန်မှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်မပြုခဲ့သလို ဝက်ဂ်နာ အဖွဲ့သားတွေရဲ့ ပါဝင် တိုက်ခိုက်မှု အကြောင်းကိုလည်း လေသံ မဟခဲ့ပါဘူး။

စစ်ရေး လေ့လာသူတွေကတော့ ဆိုလီဒါကို သိမ်းယူ ရရှိခြင်းဟာ ရုရှားအတွက် စစ်ရေး တန်ဖိုးအရ ကြီးကြီးမားမား အားသာမှုမျိုး မရှိနိုင်ဘဲ ပရီဂေါ့ဇင်အတွက် ပုဂ္ဂိုလ်ရေး အောင်မြင်မှု တစ်ခုလို့ သတ်မှတ်ဖို့သာ ပိုသင့်တော်မယ်လို့ သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။