Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ တရားခံရွေးပွဲကို လက်မခံဘဲ နည်းသဏ္ဍန်ပေါင်းစုံဖြင့် ငြင်းပယ်ကြရန် SIFတိုက်တွန်း

တိုင်းရင်းသားပြည်သူများအားလုံးပါဝင်သော ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်(၃)ရပ်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း အသိပေးသည်။

(စစ်ကောင်စီတပ်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၃ရက်က ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - AAMIJ)
(စစ်ကောင်စီတပ်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၃ရက်က ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - AAMIJ)

နိုင်ငံရေးပါတီများနှင့် ပြည်သူများသည် စစ်ကောင်စီ ၏ တရားခံရွေးပွဲကို လက်မခံဘဲ နည်းသဏ္ဍန်ပေါင်းစုံဖြင့် ငြင်းပယ်ကြရန် မဟာဗျူဟာညှိနှိုင်းဖော်ဆောင် ရေးအင်အားစု(SIF)က ယနေ့ တိုက်တွန်းတောင်းဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ SIF က ရပ်တည်ချက်နှင့် တိုက်တွန်းချက် ယနေ့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ SIFတွင် အထွေထွေသပိတ်ကော်မတီ GSC၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNSနှင့် အမည်မဖော်လိုသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

“စစ်အုပ်စုမှာ ရွေးကောက်ပွဲလုပ်ခွင့်ရှိတဲ့ တရားဝင်မှု သူတို့မှာမရှိဘူး။ စစ်အုပ်စုက လက်နက်နဲ့ အဓမ္မအာဏာသိမ်းထားတဲ့ အစုအဖွဲ့သာဖြစ်တယ်။ အဲဒီတော့ သူတို့မှာ ရွေးကောက်ပွဲ လုပ်ခွင့်မရှိဘူး။ သူက ခန့်အပ်ထားတဲ့ ကော်မရှင်မှာလည်း တရားဝင်မှု မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့ ကိစ္စကို လုံးဝ လက်မခံဘူး။ ကနေ့ ပြည်သူတွေရဲ့ တောင်းဆိုမှုလည်း မဟုတ်ဘူး။ ပြည်သူတွေ လိုလားနေတာက သူတို့(စစ်အုပ်စု)ကို ဘဂ်လားပင်လယ်အော်ထဲ ကန်ချဖို့သာ လိုလားနေတာ။ တကယ့်စစ်စစ်မှန်မှန် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့သာ ပြည်သူတွေ လိုလားနေတာဖြစ်တယ်”ဟု DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။

ဖက်ဆစ်စစ်အုပ်စုက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရွေးကောက်မှု မဟုတ်ခြင်းနှင့် စစ်အုပ်စုက ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေသည့်၊ ဆက်လက် ကျူးလွန်နိုင်မည့် ရာဇဝတ်မှုပြုလုပ်နိုင်ခွင့်အာဏာ အပ်နှင်းခြင်းဖြစ်လျှက် အားလုံးတန်းတူမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပေါ်ပေါက်စေမည် မဟုတ်ကြောင်း SIF က ပူးတွဲထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံခြင်း (သို့မဟုတ်) ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူများ၏ တန်ဖိုးမဖြတ်နိုင်သော ပေးဆပ်မှုများစွာဖြင့် ပေါ်ပေါက်လာသည့် ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်များအား ဥပေက္ခာပြုခြင်းဖြစ်ပြီး စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ယူ၊ ရယူခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို သက်ဆိုးရှည်စေပြီး စစ်အာဏာရှင်စနစ်ကို ပိုမို ခိုင်မြဲသွားစေမည် ဖြစ်ကြောင်း SIF က သတိပေးသည်။

မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးလမ်းကြောင်းတွင် ပြည်သူများနှင့်အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေသည့် ကမ္ဘာ့နိုင်ငံအစိုးရများနှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း ဖက်ဆစ်စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်း ကန့်ကွက် ရှုံ့ချကြရန် SIF က တိုက်တွန်းသည်။

တိုင်းရင်းသားပြည်သူများအားလုံးပါဝင်သော ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်(၃)ရပ်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း အသိပေးသည်။

SIF သည် အာဏာရှင်စနစ်များ အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အခြေခံအားဖြင့် အမြင်၊ ရပ်တည်ချက်နှင့် နည်းနာများ တူညီသည့် တော်လှန်သော နိုင်ငံရေးအင်အားစုများ၊ တသီးပုဂ္ဂလများ၏ ဆုံရပ်ဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook