Connect with us

Hi, what are you looking for?

သတင်း

ငွေတိုက်စာချုပ်ရောင်းချမှုနှင့် မင်းအောင်လှိုင်နေအိမ် ရောင်းချမှုတို့မှ ကန်ဒေါ်လာ ၄၅သန်းကျော်ရရှိ

အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူလူထုက နည်းပေါင်းစုံဖြင့် ထည့်ဝင်ထောက်ပံ့နေမှုကြောင့် တော်လှန်ရေးသည် အခုအချိန်ထိ လျင်မြန်စွာ တိုးတက်ပြီး အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မင်းအောင်လှိုင်နေအိမ်
မင်းအောင်လှိုင်နေအိမ်

▪️၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက်သုံးထားဟု NUG ရှင်းလင်း

▪️လစဉ်တော်လှန်ရေးအသုံးစရိတ် ဒေါ်လာ ၁၀သန်းလိုအပ်၊ လုပ်ငန်းရှင်များအခွန်ဆောင်ရန်တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈သန်းရရှိထားပြီး အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ မတရားသိမ်းပိုက်ထားမှုကို ရောင်းချထားမှုမှ ဒေါ်လာ ၇သန်းကျော် စုစုပေါင်း ၄၅သန်းရရှိထားကြောင်း NUG၏ ယနေ့ ညနေပိုင်း၌ ပြုလုပ်နေသည့် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားသည်။

“အဲဒီထဲက ၉၅ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားတယ်လို့ ကျွန်တော်တို့ ပြောလိုပါတယ်။ ကာကွယ်ရေးအသုံးစရိတ်လို့ ပြောတဲ့အခါ မဟာမိတ်တွေနဲ့ မျှဝေသုံးစွဲတာတွေရှိပါတယ်။ PDFတွေကို လက်နက်တပ်ဆင်တာတွေရှိပါတယ်။ နောက်ပြီး စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးတွေမှာ သုံးစွဲတာတွေလည်းရှိပါတယ်။”ဟု သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူလူထုက နည်းပေါင်းစုံဖြင့် ထည့်ဝင်ထောက်ပံ့နေမှုကြောင့် တော်လှန်ရေးသည် အခုအချိန်ထိ လျင်မြန်စွာ တိုးတက်ပြီး အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်တန်းပြောရမယ်ဆိုရင် တော်လှန်ရေးအသုံးစရိတ်အနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ ၁၀သန်း ရရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် ဒီပမာဏကို လစဉ်ပြည့်မီဖို့ အတွက်လည်း NUG အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အစိုးရကို တော်လှန်ရေးတာဝန်တစ်ရပ်အနေနဲ့ အခွန်ဆောင်ကြဖို့ တိုက် တွန်းလိုပါတယ်။”ဟု ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ် PDFများ ပိုမိုအားကောင်းလာပြီး ခုခံစစ်သာမက တပ်ရင်းအလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားရောက်ရှိလာသည်ဟု ရှင်းလင်းသည်။ လက်နက်ခဲယမ်းများကိုလည်း ဝယ်ယူတပ်ဆင်ခြင်း ထုတ်လုပ်တပ်ဆင်ခြင်း နည်းလမ်းနှစ်မျိုးဖြင့် လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်နေသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

နယ်မြေ စိုးမိုးမှု အခြေအနေမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းများ၌ အဓိက လမ်းမကြီး၏ ၉၀ရာခိုင်နှုန်းခန့်၊ ကျေးရွာများ၏ ၈၀ရာခိုင်နှုန်းခန့်ကို PDFများက စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း ပြောကြားသည်။ ထို့ပြင် တနင်္သာရီတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၌ PDFများ၏ လှုပ်ရှားမှု ပိုအားကောင်းလာကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ နေပြည်တော်နှင့် မန္တလေး တိုင်းတို့၌ မြို့ပြ ပြောက်ကျား လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆက်လက် ရှင်သန်လျက်ရှိသည်ဟု ဆိုသည်။

ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ် မြောက်ပိုင်းတို့၌ မဟာမိတ် တိုင်းရင်း သားလက်နက်ကိုင်တပ်များနှင့် PDF များ၏ စိုးမိုးထိန်းချုပ်နိုင်မှု များ တိုးပွားလျက်ရှိသည်ဟု ရှင်းလင်းပြောကြားသည်။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု အားကောင်းလျက်ရှိကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု