Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် (၆)မိုင် စံပြလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နှင့် နေ့စဉ်တိုက်ပွဲဖြစ်နေဟု KNDF ပြော

စစ်ကောင်စီစစ်ကြောင်းများသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းကစ၍ (၆)မိုင် ဘုရားကျောင်းနှင့် လမ်းမကြီးတစ်ကျောရှိ နေရာသုံးခုထက်မနည်းတွင် ဝင်ရောက်တပ်စွဲခဲ့သည် ဟု ဆိုသည်။

(စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည့် KNDF တပ်ရင်း(၉)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည့် KNDF တပ်ရင်း(၉)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)

ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြလမ်းမကြီးတစ် လျှောက် စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲ ၍ ဝင်ရောက်လာပြီးနောက် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ခုနှစ်ဦးထက်မနည်းသေဆုံးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၉က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းများသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းကစ၍ (၆)မိုင် ဘုရားကျောင်းနှင့် လမ်းမကြီးတစ်ကျောရှိ နေရာသုံးခုထက်မနည်းတွင် ဝင်ရောက်တပ်စွဲခဲ့သည် ဟု ဆိုသည်။

(၆)မိုင်ဘုရားကျောင်းတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအတွင်းမှ အပြင်သို့ထွက် လာသော စစ်ကြောင်းနှင့် ဇန်နဝါရီ ၁၁ရက် ည ၁၁နာရီကျော်တွင် ၂၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး ရန်သူ၏ ထိခိုက်သေဆုံးမှုအား အတည်မပြုနိုင်ဘဲ KNDFမှ ထိခိုက်မှုမရှိခဲ့ပေ။

အဆိုပါ ထိတွေ့မှုများအပြီး ညပိုင်းတွင် အကြမ်း ဖက်စစ်ကောင်စီတပ်များဖက်မှ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ် ခတ်မှုကြောင့် လူနေထိုင်ရာ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအဆောက်အအုံတို့ ထိခိုက်ပျက်ဆီးခဲ့ကာ နေအိမ်တစ်လုံး မီးလောင်ပျက် ဆီးခဲ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင်လည်း (၆)မိုင်‌ကျေးရွာ နှင့် ဘက်သလိန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီမှ ခြေကုတ်ယူထားနေရာများနှင့် ခမရ (၄၂၇)တပ် ကင်းပုန်းတို့အား အလစ်အငိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှု များရှိကြောင်း KNDF က အသိပေးသည်။

ထို့အတူ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ရရက်အထိ (၆) မိုင်စံပြကျေးရွာ လမ်းမကြီး တစ်ကျော၊ ဘုရားကျောင်းတို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် KNDF တပ်ရင်း (၉)တို့အကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဒီးမော့ဆိုအခြေစိုက် ခမရ (၄၂၇)တပ် ၏ ကင်းပုန်းများကိုပါ အလစ်အငိုက် တိုက်ခိုက်ခြင်းများကိုပါ တစ်ဆက်တည်း လုပ်ဆောင်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဇန်နဝါရီ ၁၀ရက်ကလည်း (၆) မိုင်ကျေးရွာ တောင်ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား အလစ်အငိုက် တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း KNDF က ဆိုသည်။

“စကစ ဘက်က အဓိက မိန်းလမ်းမကြီးတွေကို ထိန်းချုပ်ဖို့ ပိုပြီးကြိုးစားလာတာတွေ့ရတယ်။ဒါ ကြောင့်လည်း ဒီးမော့ဆိုမှာ နေ့စဥ်တိုက်ပွဲတွေရှိလာတယ်။လောလောဆယ်အထိတော့ တိုက်ပွဲ ကြီးမရှိသေးပေမယ့် နေ့တိုင်းလိုလို စကစ ရဲ့ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ တွေရှိနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များမှာ ဒီးမော့ဆိုမြို့နှင့် (၆)မိုင်စံပြကျေးရွာ အကြား လမ်းမကြီးတစ်ကျော ၊ ဘုရားကျောင်းတို့တွင် ခြေကုပ်မျာယူကာ တပ်စွဲလှုပ်ရှားလျှက်ရှိပြီး KNDF တပ်ရင်း(၉)မှ ဆက်လက်ခုခံထားလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook