Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ

လမ်းပိုင်းဆိုင်ရာ ပိတ်ပင်ထားစဥ်ကာလအတွင်း စားသောက်ကုန်၊လူသုံးကုန်နှင့် စက်သုံးဆီများ၏ စျေးနှုန်းကို တိုးမြှင့်ရောင်းချခြင်းမပြုလုပ်ရန် KNDF က မေတ္တာရပ်ခံသည်။

လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ
လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ

လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီးကို အရေးပေါ် ပိတ်ထားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၀က ယနေ့(ဒီဇင်ဘာ ၂၄ ရက်) ထုတ်ပြန်သည်။

ထို့ကြောင့် ဒီဇင်ဘာ ၂၅ရက်​ကစ၍ ပြည်သူများအနေဖြင့်(ဒေသခံပြည်သူများ အပါအဝင်)လမ်းပိတ်ထားစဥ်ကာလအတွင်း အသွားအလာမပြုလုပ်ရန် သတိပေးသည်။

“စစ်ရေးအခြေအနေကြောင့်ပါ။ပြည်သူတွေလိုက်နာပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ
လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ

အဆိုပါလမ်းပိုင်းကို ပိတ်ပင်ရန် ဖေဖော်ဝါရီ ၂၈ရက် က ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊အမှတ်(၁)ခရိုင် ၊ဒီးမော့ဆိုမြို့နယ်အုပ်ချုပ် ရေးမှူး၊ကရင်နီတပ်မတော် KA၊KNDF B- 10နှင့် KNDF- B9တို့၏ ယခုလ ၂၃ ရက်က အစည်းအဝေးဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လမ်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ပြန်လည် ကြေညာပေးသွားမည်ဟု KNDF တပ်ရင်း (၁၀)က ဆိုသည်။

Public Service Announcement
Public Service Announcement

လမ်းပိုင်းဆိုင်ရာ ပိတ်ပင်ထားစဥ်ကာလအတွင်း စားသောက်ကုန်၊လူသုံးကုန်နှင့် စက်သုံးဆီများ၏ စျေးနှုန်းကို တိုးမြှင့်ရောင်းချခြင်းမပြုလုပ်ရန် KNDF က မေတ္တာရပ်ခံသည်။

ထို့အပြင် နိုဝင်ဘာ နောက်ဆုံးပတ်ကစ၍ စစ်ရေး အခြေအနေကြောင့် ရှားတော-လွိုင်ကော် လမ်းပိုင်းကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တပ်ရင်း (၁၄)က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။