Connect with us

Hi, what are you looking for?

သတင်း

လေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ အိန္ဒိယပြော

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်က စစ်ကောင်စီတိုက်လေယာဉ်တွေဟာ သူတို့ လေပိုင်နက်ကို ကျုးကျော်တာမရှိသလို ဗုံးဟာလည်း ၂ နိုင်ငံ နယ်ခြားမြစ် တယော (Tiau) မြစ်ထဲ ကျရောက်တာလို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

လေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ အိန္ဒိယပြော
လေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ အိန္ဒိယပြော

နယ်စပ်အနီးစစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုဟာ စိုးရိမ်စရာဖြစ်ပြီး မြန်မာဘက်ကိုအသိပေး ပြောကြားထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနကပြောလာပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ အိန္ဒိယ လေပိုင်နက်ထဲကို ကျုးကျော်ဝင်ရောက်တာမရှိဘူးလို့ The Economic Times သတင်းဌာနကို အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန်က ဇန်နဝါရီလ ၁၉ ရက်က ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ အိန္ဒိယ − မြန်မာ နယ်စပ်အနီး မြန်မာဘက်ခြမ်းမှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဌာနချုပ်ကို ၂ ရက်ဆက်တိုက်ဗုံးကြဲခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေကြေမှုတွေရှိသလို အိန္ဒိယ ဘက်ခြမ်းလည်း ဗုံးကျရောက်ပြီး စစ်ကောင်စီဂျက်တိုက်လေယာဉ်တွေဟာ အိန္ဒိယ လေပိုင်နက်ကိုကျုးကျော်အသုံးပြုခဲ့တယ်လို့ မြေပြင်အချက်အလက်တွေကို ကိုးကားပြီး Chinland Information Center က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်က စစ်ကောင်စီတိုက်လေယာဉ်တွေဟာ သူတို့ လေပိုင်နက်ကို ကျုးကျော်တာမရှိသလို ဗုံးဟာလည်း ၂ နိုင်ငံ နယ်ခြားမြစ် တယော (Tiau) မြစ်ထဲ ကျရောက်တာလို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

ဒါပေမယ့် ဒီဗုံးကြဲ တိုက်ခိုက်မှုကို အိန္ဒိယအစိုးရအနေနဲ့ စိုးရိမ်ပြီး မြန်မာဘက်ကို အသိပေး ထားတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook