Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခံထားရသော်လည်း အသတ်မခံရခင်အထိ လက်သုံးချောင်းထောင်ပြခဲ့သော ကရင်နီလူငယ်နှစ်ဦး

လူငယ်နှစ်ဦးသည် ဒီမောဆိုးမြို့နယ် ၊စံပြ ၆ ရပ်ကွက်မှ စစ်ဘေးဒုက္ခသည် နှစ်ဦးဖြစ်ပြီး ရွာတွင်စစ်ကောင်စီတပ်က ဝင်စီးသဖြင့်ထွက်ပြေးနေရာမှ ရွာသို့ ပြန်လာစဥ် စစ်ကောင်စီ တပ်က ဖမ်းဆီးပြီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများအားကိုးကား၍ တာချီလိတ်နယူးစ်၊ Rice နယူးစ် နှင့် ခေတ်သစ်သတင်းဌာနတို့ကဖော်ပြထားသည်။

မျက်နှာတွင်နှိပ်စက်ခံရသဖြင့်ဖူးယောင်ဒဏ်ရာများများဖြင့် လက်တွင်ကြိုးချည်ခံထားရပြီး ဒူးထောက်လျှက် လက်သုံးချောင်းထောင်ထားသောလူငယ်နှစ်ဦးမှာ
ကယားပြည်နယ်မှကရင်နီ တိုင်းရင်းသားများဖြစ်ကြောင်းလူငယ်တစ်ဦး၏မိသားစုဝင်တစ်ဦးက ဖေစ်ဘွခ်တွင်ရေးသားထားသည်။

“ကမ္ဘာကြီးရေ ကျေးဇူးပြုပြီး မြန်မာနိုင်ငံကိုအာရုံစိုက်ပေးပါ။ ဒါကလုံးဝ မမျှတပါဘူး။ဒါကဒီကနေ့ကယားပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေပါ။သူတို့က အပြစ်မရှိတဲ့ ကောင်းလေးတွေပါ။ သူတို့က PDF အဖွဲ့ဝင်တွေလည်းမဟုတ်ပါဘူး သးတို့အသက်က ၁၄ နှစ် ၊၁၅ နှစ်ပဲ ရှိပါသေးတယ်။ သူတို့ထဲက တစ်ယောက်က ငါ့တူပါ။ သူတို့ နှစ်ယောက်ကို အာဏာသိမ်းစစ်တပ်ကသတိလိုက်ပြီ ။ ကျေးဇူးပြုပြီး မြန်မာနိုင်ငံကို ကူညီပေးကြပါ ၊ကယ်တင်ပေးကြပါ” ဟု လူငယ်နှစ်ဦး၏ မိသားစုဝင်တစ်ဦးကအဂ်လိပ်ဘာသာဖြင့်ရေးသား၍ ဖေ့စ်ဘွခ်တွင်တင်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲဝင်တစ်ဦးဖြစ်သော AT zaw အကောင့်ဖြင့်ဖေစ်ဘွခ်သုံးစွဲသူက “ခေါင်းထဲကို ကျည်ပြစ်မသွင်းခင် ကိုယ်ကြိုက်တာကိုယ်လုပ်
ခွင့်ပေးလိုက်ချိန်”ဟု ရေးသား၍ လူငယ်နှစ်ဦး၏ ဓါတ်ပုံကို ဖေစ်ဘွခ်တွင် ယနေ့တင်ထားသည်။ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုယ်တိုင်က လူငယ် ၂ ဦးကို ကြိုးတုပ်၍ ပစ်သတ်လိုက်သည်ကို အတည်ပြုလိုက်သည့်သဘောပင်ဖြစ်သည်။ လက်သုံးချောင်းထောင်ခြင်းမှာ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်ကို လက်မခံကြောင်း ပြသသည့် ပြည်သူများ၏ သကေ်တဖြစ်သည်။

လူငယ်နှစ်ဦးသည် ဒီမောဆိုးမြို့နယ် ၊စံပြ ၆ ရပ်ကွက်မှ စစ်ဘေးဒုက္ခသည် နှစ်ဦးဖြစ်ပြီး ရွာတွင်စစ်ကောင်စီတပ်က ဝင်စီးသဖြင့်ထွက်ပြေးနေရာမှ ရွာသို့ ပြန်လာစဥ် စစ်ကောင်စီ တပ်က ဖမ်းဆီးပြီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများအားကိုးကား၍ တာချီလိတ်နယူးစ်၊ Rice နယူးစ် နှင့် ခေတ်သစ်သတင်းဌာနတို့ကဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

လူငယ်နှစ်ဦး၏ အသက်ကို သတင်းဌာနများကာ၁၇ နှစ်တစ်ဦး ၊၁၈ နှစ်တစ်ဦးဟုဖော်ပြသော်လည်း အဒေါ်ဖြစ်သူဟုဆိုသူက ၁၄ နှစ် ၊ ၁၅ နှစ်ဟုရေးသားထားသည်။

သို့သော် လူငယ် နှစ်ဦးဖမ်းဆီးခံရသောရက်ကို အချို့သတင်းဌာနက ၈ ရက်ဟုရေးပြီး အချို့က ၉ ရက်ဟုရေးသားဖော်ပြနေသည်။ ဓာတ်ပုံတွင် အင်္ကျီအနီရောင်ဝတ်ဆင်ထားသူမှာ ပါစကွားလယ်ဖြစ်ပြီး၊ အင်္ကျီအပြာရောင်ဝတ်ထားသူမှာဖီဒေးလယ် ဖြစ်ကြောင်းလည်း သတင်းဌာနများကဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကအပစ်မဲ့ပြည်သူများအပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများ ကိုနိုင်ငံတစ်ဝန်းနေ့စဥ်ရက်စက် ရက်ရက်စက်စက် သတ်ဖြတ်မှုများကိုကျူးလွန်နေသည်။ သို့သော်ပြည်သူများကလည်း အလျှော့မပေးဘဲ စစ်အာဏာရှင် ပြုတ်ကျရေးကို ပုံစံမျိုးစုံဖြင့်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

Facebook