Connect with us

Hi, what are you looking for?

News

တိုက်ပွဲပြင်းထန်နေ၍ ကလေး-ဂန့်ဂေါကြား မော်တော်ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်၊ စစ်ကောင်စီက အင်အားဖြည့်တင်းနေဟုဆို

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့မှ အရပ်သုံးယာဉ်များအသုံးပြု၍ အကြမ်းဖက်စစ်သားအင်အား ဖြည့်တင်းလျက်ရှိနေကြောင်းလည်း ထုတ်ပြန်သည်။

People's Spring
People's Spring

ဂန့်ဂေါမြို့နယ် နှမ်းခါးနှင့် ထှယ်လှော်ရွာအကြားတွင် ယနေ့နံနက်က ဒေသခံပြည်သူ့.ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ၍ ကလေးနှင့်ဂန့်ဂေါမြို့အကြား မော်တော်ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုကြရန် ကလေး PDFက မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့မှ အရပ်သုံးယာဉ်များအသုံးပြု၍ အကြမ်းဖက်စစ်သားအင်အား ဖြည့်တင်းလျက်ရှိနေကြောင်းလည်း ထုတ်ပြန်သည်။

ထို့ကြောင့် ကလေးမြို့ဘက်မှ မည်သည့် မော်တော်ကားအမျိုးအစားမဆို ဂန့်ဂေါဘက်သို့ မောင်းနှင်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ထပ်မံသတိပေးလိုက်သည်ဟု ဖော်ပြထားသည်။

မောင်းနှင်သွားလာသော မည်သည့် မော်တော်ကားအမျိုးအစားကိုမဆို မိမိတို့ တပ်ဖွဲ့ဝင်များက မလွဲမရှောင်သာ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook