Connect with us

Hi, what are you looking for?

News

တိုက်ပွဲပြင်းထန်နေ၍ ကလေး-ဂန့်ဂေါကြား မော်တော်ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်၊ စစ်ကောင်စီက အင်အားဖြည့်တင်းနေဟုဆို

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့မှ အရပ်သုံးယာဉ်များအသုံးပြု၍ အကြမ်းဖက်စစ်သားအင်အား ဖြည့်တင်းလျက်ရှိနေကြောင်းလည်း ထုတ်ပြန်သည်။

People's Spring
People's Spring

ဂန့်ဂေါမြို့နယ် နှမ်းခါးနှင့် ထှယ်လှော်ရွာအကြားတွင် ယနေ့နံနက်က ဒေသခံပြည်သူ့.ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ၍ ကလေးနှင့်ဂန့်ဂေါမြို့အကြား မော်တော်ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုကြရန် ကလေး PDFက မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့မှ အရပ်သုံးယာဉ်များအသုံးပြု၍ အကြမ်းဖက်စစ်သားအင်အား ဖြည့်တင်းလျက်ရှိနေကြောင်းလည်း ထုတ်ပြန်သည်။

ထို့ကြောင့် ကလေးမြို့ဘက်မှ မည်သည့် မော်တော်ကားအမျိုးအစားမဆို ဂန့်ဂေါဘက်သို့ မောင်းနှင်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ထပ်မံသတိပေးလိုက်သည်ဟု ဖော်ပြထားသည်။

မောင်းနှင်သွားလာသော မည်သည့် မော်တော်ကားအမျိုးအစားကိုမဆို မိမိတို့ တပ်ဖွဲ့ဝင်များက မလွဲမရှောင်သာ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။