Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံသည် စစ်အုပ်စု၏ ပြုလုပ်လာမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။

ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး
ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်သည် ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးနှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနှင့် အရေးပါသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေး စစ်တပ်၏ ရွံရှာစက်ဆုပ်ဖွယ်အကြမ်းဖက်မှုများအတွက် တာ၀န်ခံမှုရှိရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရေစီစနစ် တည်ထောင်ရန်တို့ကို ထည့်သွင်းဆွေးနွေးကြောင်း အတိုင်ပင်ခံဒဲရစ်ရှိုလက်က ၎င်း၏တွစ်တာမှ အသိပေးသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံသည် စစ်အုပ်စု၏ ပြုလုပ်လာမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။

အမေရိကန်အစိုးရသည် အကြမ်းဖက်စစ်အုပ်စုကို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ရောက်ရှိရေး၊ မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒကို လေးစားအသိအမှတ်ပြုရေး လုပ်ဆောင်ရန် အကြိမ်ကြိမ်တိုက်တွန်းထားပြီး စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊​ အဖွဲ့အစည်းများကို ပိတ်ဆို့ဒဏ်ခတ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို