အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်သည် ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးနှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့သည်။
ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနှင့် အရေးပါသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေး စစ်တပ်၏ ရွံရှာစက်ဆုပ်ဖွယ်အကြမ်းဖက်မှုများအတွက် တာ၀န်ခံမှုရှိရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရေစီစနစ် တည်ထောင်ရန်တို့ကို ထည့်သွင်းဆွေးနွေးကြောင်း အတိုင်ပင်ခံဒဲရစ်ရှိုလက်က ၎င်း၏တွစ်တာမှ အသိပေးသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံသည် စစ်အုပ်စု၏ ပြုလုပ်လာမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။
အမေရိကန်အစိုးရသည် အကြမ်းဖက်စစ်အုပ်စုကို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ရောက်ရှိရေး၊ မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒကို လေးစားအသိအမှတ်ပြုရေး လုပ်ဆောင်ရန် အကြိမ်ကြိမ်တိုက်တွန်းထားပြီး စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပိတ်ဆို့ဒဏ်ခတ်ထားသည်။

Public Service Announcement
