Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံသား ၂ ဦး ဖမ်းခံရတဲ့ဖြစ်စဉ်ကို ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စုံစမ်းနေ

လူမှုကွန်ယက်မှာ ပျံနှံ​နေတဲ့ CCTV ရုပ်သံဖိုင်အရ လူ ၅ ဦးခန့်ပါဝင်တဲ့ လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး​တော့ သူတို့ရဲ့ လုံခြုံရေးလို့ယူဆရတဲ့အမျိုးသားတစ်ဦးကိုလည်းထိုးကြိတ်ကန်ကျောက်ခဲ့တာ​တွေ့ရပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ၂ ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စုံစမ်းနေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ ၂၆ ရက် မနက် ၈ နာရီခန့်က ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားအမျိုးသားနဲ့အမျိုးသမီးတို့ ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။

တရုတ်နိုင်ငံသား ၂ ဦး ဖမ်းခံရတဲ့ ဖြစ်စဉ်ဟာ မှန်ကန်ကြောင်းနဲ့ ဖမ်းသွားတဲ့အဖွဲ့နဲ့ ဖမ်းဆီးရတဲ့အကြောင်းရင်းကိုသိနိုင်ဖို့ စုံစမ်းနေတယ်လို့ ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။

“အဖမ်းခံရတာကို ပအဖနဲ့ပေါင်းပြီး စုံစမ်းနေတယ်။ ရရှိတဲ့ သတင်းအရ ငွေလိုချင်လိုဖမ်းတယ်လို့သိရတယ်။ ”လို့ ပခုက္ကူမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ယက်မှာ ပျံနှံ​နေတဲ့ CCTV ရုပ်သံဖိုင်အရ လူ ၅ ဦးခန့်ပါဝင်တဲ့ လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး​တော့ သူတို့ရဲ့ လုံခြုံရေးလို့ယူဆရတဲ့အမျိုးသားတစ်ဦးကိုလည်းထိုးကြိတ်ကန်ကျောက်ခဲ့တာ​တွေ့ရပါတယ်။

“ဒါနဲ့ပတ်သတ်ပြီး ပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့)ကော၊ ပအဖ(ပြည်သူ့ အုပ်ချုပ်​ရေးအဖွဲ့) ကော စုံစမ်းမှုတွေလုပ်နေတယ်ကြားတယ်။ ဒီလိုမျိူးလုပ်တာ(တရုတ်နိုင်ငံသားနှစ်ဦးအားဖမ်းဆီးခြင်း)ကိုတော့ တော်လှန်ရေးအဖွဲ့တွေကသဘောမကျဘူးဖြစ်နေတယ်” လို့ပခုက္ကူမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဖမ်းသွားတဲ့အဖွဲ့ကို မသိရသေးဘူးလို့လည်း ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ တရုတ်နှစ်ကူးအပြီး မှာဖြစ်ခဲ့တာပါ။နွေဦးတော်လှန်ရေးဟာ တရုတ်ရဲ့အကျိုးစီးပွားကိုမထိခိုက်စေရဘူးလို့ NUG အစိုးရက တရုတ်နှစ်သစ်ကူးသဝဏ်လွှာမှာ အာမခံသတင်းစကားပါးပြီးနောက် အခုလို ဖြစ်စဉ်ဖြစ်လာတာကိုတွေ့ရပါတယ်။စစ်​ကောင်စီမီဒီယာနဲ့စစ်ကောင်စီလော်ဘီလူမှုကွန်ရက်တွေကPDF​တွေကဖမ်းတာလို့ စွပ်စွဲ​ဝါဒဖြန့်​နေကြပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ တရုတ်သံရုံးက ဖမ်းခံလိုက်ရတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ စက်ရုံဝန်ထမ်းတွေဖြစ်တယ်လို့ ဘီဘီစီ မြန်မာပိုင်းကိုအတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။