Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံး

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း လေတပ်နဲ့ ရဲတပ်ဖွဲ့က အသီးသီး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း အာနူချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကြည်းတပ်ရဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံး
အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံး

အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်က ဒေလီမြို့တော် တောင်ပိုင်းက လေ့ကျင့်ပျံသန်းမှု အစီအစဉ် တစ်ခုမှာ အိန္ဒိယ လေတပ်ရဲ့ အမျိုးအစား မတူညီတဲ့ တိုက်လေယာဉ် နှစ်စီး တိုက်မိခဲ့တာလို့ ဆိုပါတယ်။ တိုက်မိခဲ့တဲ့ လေယာဉ်တွေက လေယာဉ်မှူး နှစ်ဦးပါတဲ့ ရုရှားလုပ် SU-30 တစ်စီးနဲ့ လေယာဉ်မှူး တစ်ဦးတည်း မောင်းနှင်တဲ့ ပြင်သစ်လုပ် Mirage 2000 တစ်စီးတို့ ဖြစ်ပါတယ်။

နှစ်စီးလုံးဟာ ဂွာလီယာ လေတပ်စခန်းကနေ မနက်ပိုင်းမှာ ပျံတက်လာကြပြီး အခြေစိုက် စခန်းရဲ့ အရှေ့ဖက် ကီလိုမီတာ ၅၀ လောက် အကွာမှ ပျက်ကျခဲ့ကြတာ ဖြစ်ပါတယ်။ လေတပ် တာဝန်ရှိသူ တစ်ဦးကတော့ လေယာဉ်တွေဟာ ပုံမှန် လေ့ကျင့် ပျံသန်းမှု အစီအစဉ် တစ်ခုအတွင်း မတော်တဆ အခြေအနေနဲ့ ကြုံခဲ့တာလို့ ပြောပါတယ်။ လေယာဉ်မှူး ၃ ဦးထဲက ၁ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်လွန်းရာက သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း လေတပ်နဲ့ ရဲတပ်ဖွဲ့က အသီးသီး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း အာနူချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကြည်းတပ်ရဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ အတွက်တော့ စစ်တပ်သုံး လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျတာမျိုး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ခပ်စိပ်စိပ် ကြုံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ရုရှားလုပ် Mi-17 ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကာကွယ်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ် အပါအဝင် ၁၃ ဦးထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။