Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီကို ကူညီနေတဲ့ အိန္ဒိယနဲ့ တရုတ်ကုမ္ပဏီတွေကို ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးလက်တွဲဖြုတ်

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

(စစ်​​ရေးပြ အခမ်းအနားတစ်ခုတွင် စစ်တပ်ရဲ့တင့်ကားများ။ ဓါတ်ပုံ- The Guardian)
(စစ်​​ရေးပြ အခမ်းအနားတစ်ခုတွင် စစ်တပ်ရဲ့တင့်ကားများ။ ဓါတ်ပုံ- The Guardian)

မြန်မာစစ်အာဏာရှင်တွေကိုအထောက်အပံ့ပေးနေတဲ့ အိန္ဒိယနဲ့တရုတ်ကုမ္ပဏီ တစ်ခုစီကို ကမ္ဘာ့ အကြီးမားဆုံး ငွေပင်ငွေရင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းကြီးကလက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နော်ဝေး အချုပ်အခြာဓနရန်ပုံငွေအဖွဲ့ကြီးက တရုတ်ရဲ့ AviChinaနဲ့ အိန္ဒိယရဲ့ Bharat Electronicsတို့ကိုစီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ရပ်ဆိုင်းထားမယ်လို့ဇန်နဝါရီ ၂၅ရက်ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီကုမ္ပဏီနှစ်ခုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ဘောင်ကျော်ထားပြီး နိုင်ငံတကာ စည်းမျဉ်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေသူတွေအတွက် ရန်လိုတဲ့ ရည်ရွယ်ချက်တွေမှာ အသုံးပြုနိုင်ဖို့ စစ်လက်နက်တွေ ရောင်းချပေးနေတယ်လို့နော်ဝေး ငွေပင်ငွေရင်း အဖွဲ့အစည်းကြီးက ဖော်ပြထားပါတယ်။

အခုလို လက်တွဲဖြုတ်ရတဲ့ နောက်ခံ အကြောင်းရင်းကတော့ အဲဒီ ကုမ္ပဏီ နှစ်ခုဟာ အပေါ့စားလေယာဉ်တွေနဲ့တခြားစစ်သုံးပစ္စည်းတွေကိုစစ်​ကောင်စီတပ်ဆီ ထောက်ပံ့ပို့ဆောင်နေတာကြောင့်လို့လည်းအဲဒီအဖွဲ့ကြီးနဲ့ဆက်စပ်တဲ့ Norges ဘဏ်နဲ့ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးအရာရှိတွေကပြောပါတယ်။

အဲဒီနော်ဝေးရန်ပုံငွေလုပ်ငန်းစုကြီးရဲ့လည်ပတ်မှုငွေကြေးတန်ဖိုးကဒေါ်လာ ၁.၃ထရီလီယံလောက်ရှိပြီးAviChinaရဲ့ ရှယ်ယာ ၀.၃၇ ရာခိုင်နှုန်းနဲ့ Bharat Electronicsရဲ့ ရှယ်ရာ ၀.၃၂ ရာခိုင်နှုန်းစာရင်းနှီးမြှုပ်နှံမှုတွေထည့်ဝင်ထားပါတယ်။

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

အဲဒီ လုပ်ငန်းနှစ်ခုနဲ့ အဆက်အသွယ်ဖြတ်ဖို့ကိုနော်ဝေး ဗဟိုဘဏ်က ကျင့်ဝတ်ဆိုင်ရာ အဖွဲ့အစည်းတချို့ရဲ့ ထောက်ခံချက်နဲ့အတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရန်ပုံငွေ အဖွဲ့မှာ နော်ဝေး ရေနံလုပ်ငန်းကဝင်ငွေတွေကို အဓိကစု​ဆောင်းထားပြီး ကမ္ဘာအနှံ့ကကုမ္ပဏီပေါင်း ၉၀၀၀ လောက်မှာ ရင်းနှီး မြှုပ်နှံထားသလို ငွေချေးစာချုပ်နဲ့ အပေါင်စာချုပ်တွေလည်းကိုင်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ထိုင်းက PTT ရေနံလုပ်ငန်းဟာ မြန်မာ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက် ငွေကြေး ထောက်ပံ့နေကြောင်း စွပ်စွဲပြီး နော်ဝေး ရန်ပုံငွေ အဖွဲ့က လုပ်ငန်း ပူးပေါင်းမှုတွေ ရပ်ဆိုင်းခဲ့ဖူးပါတယ်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။