Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကို ကူညီနေတဲ့ အိန္ဒိယနဲ့ တရုတ်ကုမ္ပဏီတွေကို ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးလက်တွဲဖြုတ်

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

(စစ်​​ရေးပြ အခမ်းအနားတစ်ခုတွင် စစ်တပ်ရဲ့တင့်ကားများ။ ဓါတ်ပုံ- The Guardian)
(စစ်​​ရေးပြ အခမ်းအနားတစ်ခုတွင် စစ်တပ်ရဲ့တင့်ကားများ။ ဓါတ်ပုံ- The Guardian)

မြန်မာစစ်အာဏာရှင်တွေကိုအထောက်အပံ့ပေးနေတဲ့ အိန္ဒိယနဲ့တရုတ်ကုမ္ပဏီ တစ်ခုစီကို ကမ္ဘာ့ အကြီးမားဆုံး ငွေပင်ငွေရင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းကြီးကလက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နော်ဝေး အချုပ်အခြာဓနရန်ပုံငွေအဖွဲ့ကြီးက တရုတ်ရဲ့ AviChinaနဲ့ အိန္ဒိယရဲ့ Bharat Electronicsတို့ကိုစီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ရပ်ဆိုင်းထားမယ်လို့ဇန်နဝါရီ ၂၅ရက်ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီကုမ္ပဏီနှစ်ခုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ဘောင်ကျော်ထားပြီး နိုင်ငံတကာ စည်းမျဉ်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေသူတွေအတွက် ရန်လိုတဲ့ ရည်ရွယ်ချက်တွေမှာ အသုံးပြုနိုင်ဖို့ စစ်လက်နက်တွေ ရောင်းချပေးနေတယ်လို့နော်ဝေး ငွေပင်ငွေရင်း အဖွဲ့အစည်းကြီးက ဖော်ပြထားပါတယ်။

အခုလို လက်တွဲဖြုတ်ရတဲ့ နောက်ခံ အကြောင်းရင်းကတော့ အဲဒီ ကုမ္ပဏီ နှစ်ခုဟာ အပေါ့စားလေယာဉ်တွေနဲ့တခြားစစ်သုံးပစ္စည်းတွေကိုစစ်​ကောင်စီတပ်ဆီ ထောက်ပံ့ပို့ဆောင်နေတာကြောင့်လို့လည်းအဲဒီအဖွဲ့ကြီးနဲ့ဆက်စပ်တဲ့ Norges ဘဏ်နဲ့ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးအရာရှိတွေကပြောပါတယ်။

အဲဒီနော်ဝေးရန်ပုံငွေလုပ်ငန်းစုကြီးရဲ့လည်ပတ်မှုငွေကြေးတန်ဖိုးကဒေါ်လာ ၁.၃ထရီလီယံလောက်ရှိပြီးAviChinaရဲ့ ရှယ်ယာ ၀.၃၇ ရာခိုင်နှုန်းနဲ့ Bharat Electronicsရဲ့ ရှယ်ရာ ၀.၃၂ ရာခိုင်နှုန်းစာရင်းနှီးမြှုပ်နှံမှုတွေထည့်ဝင်ထားပါတယ်။

Public Service Announcement

Public Service Announcement

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

အဲဒီ လုပ်ငန်းနှစ်ခုနဲ့ အဆက်အသွယ်ဖြတ်ဖို့ကိုနော်ဝေး ဗဟိုဘဏ်က ကျင့်ဝတ်ဆိုင်ရာ အဖွဲ့အစည်းတချို့ရဲ့ ထောက်ခံချက်နဲ့အတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရန်ပုံငွေ အဖွဲ့မှာ နော်ဝေး ရေနံလုပ်ငန်းကဝင်ငွေတွေကို အဓိကစု​ဆောင်းထားပြီး ကမ္ဘာအနှံ့ကကုမ္ပဏီပေါင်း ၉၀၀၀ လောက်မှာ ရင်းနှီး မြှုပ်နှံထားသလို ငွေချေးစာချုပ်နဲ့ အပေါင်စာချုပ်တွေလည်းကိုင်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ထိုင်းက PTT ရေနံလုပ်ငန်းဟာ မြန်မာ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက် ငွေကြေး ထောက်ပံ့နေကြောင်း စွပ်စွဲပြီး နော်ဝေး ရန်ပုံငွေ အဖွဲ့က လုပ်ငန်း ပူးပေါင်းမှုတွေ ရပ်ဆိုင်းခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။