Connect with us

Hi, what are you looking for?

သတင်း

ဦးခင်မောင်ဆွေနဲ့ဦးသိန်းညွှန့်တို့စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေဖယ်ထုတ်ခံရ

ဒီလိုဖယ်ထုတ်ခံရသူတွေထဲမှာ ဦးခင်မောင်ဆွေနဲ့ ဦးသိန်းညွှန့်ဟာ အာဏာသိမ်းပြီး စစ်ကောင်စီစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။

ဦးခင်မောင်ဆွေနဲ့ဦးသိန်းညွှန့်တို့စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေဖယ်ထုတ်ခံရ
ဦးခင်မောင်ဆွေနဲ့ဦးသိန်းညွှန့်တို့စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေဖယ်ထုတ်ခံရ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဖွဲ့ရာမှာအဖွဲ့ဝင်အဖြစ် နေရာပေးခဲ့တဲ့ အရပ်သားနိုင်ငံရေးသမားတွေကို အဖွဲ့ဝင်အဖြစ်ကနေ ဖယ်လိုက်ပြီး အကြံပေးအဖွဲ့ထဲ စစ်ကောင်စီက ထည့်လိုက်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဖယ်ခံရသူတွေထဲမှာ ဦးခင်မောင်ဆွေ ၊ ဦးသိန်းညွှန့်၊ဒေါက်တာဗညားအောင်မိုး ၊စောဒန်နီယယ် နဲ့ဒေါ်အေးနုစိန်တို့ပါပါတယ်။

ဒီလိုဖယ်ထုတ်ခံရသူတွေထဲမှာ ဦးခင်မောင်ဆွေနဲ့ ဦးသိန်းညွှန့်ဟာ အာဏာသိမ်းပြီး စစ်ကောင်စီစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေနဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး စစ်ကောင်စီက ဒီနေ့ ဖွဲ့ပေးလိုက်ပါတယ်။ အဲဒီအဖွဲ့ ဥက္ကဋ္ဌ နေရာမှာစစ်ကောင်စီရဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ကိုနေရာပေးပြီး အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းပေးလိုက်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင် ဟာ စစ်ကောင်စီအဖွဲ့ ကို စစ်ဘက် ၈ ဦး ၊အရပ်ဘက် ၈ ဦး စုစုပေါင်း ၁၆ ဦးနဲ့ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီ အဖွဲ့ဝင် ၁၆ ဦးလုံးကို စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ဒီနေ့မှာ သြစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်လိုက်ပါတယ်။

အဲဒီနောက်ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီကို ၂၀ ဦးနဲ့ ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။