Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမည်ဖြစ်ပြီး တရားဝင်မှုမရရှိစေရဟုကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက် ။ ။ဓါတ်ပုံ-AP)
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက် ။ ။ဓါတ်ပုံ-AP)

▪︎ မနှစ်မြိုစရာအာဏာသိမ်းမှုတတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်​တော့မည်မဟုတ်ကြောင်း အသိပေး

စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမည်ဖြစ်ပြီး တရားဝင်မှု မရရှိစေရေး လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ကာလရှည်ကြာ ဒုက္ခတွေခံစားခဲ့ရပြီးပါပြီ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အပြည့်အဝကူညီထောက်ပံ့မှုကို ရရှိခံစားထိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်ပြောခဲ့သလို ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒေသတွင်းနဲ့ ပြင်ပက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊​ မိတ်ဖက်တွေနဲ့ စုစည်းညီညွတ်စွာ စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမှာဖြစ်ပြီး တရားဝင်မှု ရရှိတာကိုလည်းခွင့် မပြုခြင်း၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးပေးခြင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းတွေ လုပ်ဆောင်သွားမှာပါ” ဟု ဒဲရစ်ရှိုလက်က ပြောသည်။

ထို့အပြင် အမေရိကန်၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်ချက်များမှာ လာမည့်လများ၌ ယိမ်းယိုင်သွားမည်မဟုတ်ဘဲ ယခုအချိန်ကစ၍ တစ်နှစ်အတွင်း များစွာမျှော်လင့်ထားကြောင်းနှင့် မနှစ်မြိုစရာ စစ်အာဏာသိမ်းမှုတတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်​တော့မည်မဟုတ်ကြောင်း တနည်းအားဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနေမည့်အချိန်ဖြစ်မည်ဟု အထက်ပါ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အခြားသော ဒီမိုကရေစီအရေးကြိုးပမ်းလုပ်ဆောင်သူများကို စွမ်းဆောင်ရည်နှင့် ထိရောက်မှုရရှိစေရန် ပိုမိုကူညီနိုင်ရေး တတ်နိုင်သမျှကို လုပ်ဆောင်ရန် ကတိပြုကြောင်း ထပ်လောင်းအသိပေးသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ NUG ၏ အကြီးတန်းခေါင်းဆောင်များကို မြို့တော်ဝါရှင်တန်၌ လူကိုယ်တိုင်နှင့် အွန်လိုင်းမှတဆင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook