Connect with us

Hi, what are you looking for?

သတင်း

က​လေးဝတိုက်ပွဲ စစ်​ကောင်စီတပ်ဒုတပ်ရင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများပြီး​နောက်စစ်​ကြောင်းပြန်ဆုတ်သွား

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။

(စစ်​ကောင်စီတပ်ဝတ်စုံကို ​ခြေဖြင့်နင်း​၍​အောင်ပွဲခံ​နေ​သောPDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်ဝတ်စုံကို ​ခြေဖြင့်နင်း​၍​အောင်ပွဲခံ​နေ​သောPDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ပေးပို့)

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ပါတ်ကြာတိုက်ပွဲဖြစ်ပွားခဲရာစစ်ကောင်စီတပ်မှဒုတပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်းစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

ကလေးဝမြို့နယ်အတွင်းတွင်ဇန်နဝါရီလ ၁၉ ရက်မှစ၍ ဖေဖော်ဝါရီလ ၂ ရက်နံနက်အထိနှစ်ပါတ်​ကျော်ကြာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အထိအခိုက်များစွာဖြင့်ဆုတ်ခွာသွားကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။

” နေ့တိုင်းလိုထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဖေဖော်ဝါရီ ၁ရက်ညနေကနေစပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေ စစ်ကောင်စီတပ်ကို ညှပ်တိုက်တာ။ ဖေဖော်ဝါရီ ၂ရက်မနက်မှာတော့သူတို့(စစ်ကောင်စီတပ်ဖွဲ့ )ဆုတ်သွားတယ်။ သတင်းအရ ဒုတပ်ရင်းမှူးနဲ့ အခြားအဆင့် သုံးယောက်သေတယ်။ဒဏ်ရာရသူ‌‌တွေကိုလည်း အထမ်းတွေနဲ့ သယ်သွားတာ မြင်လိုက်ရတယ်” ဟု ကလေးဝ‌မြို့မှ စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားသောစစ်ကောင်စီတပ်သည် ခြေလျင်တပ်ရင်း(ခလရ) ၈၉ ဖြစ်ပြီး ကလေးဝမြို့သို့ စတင်ဝင်ရောက်စဉ်က အင်အား ၇၀ခန့် ရှိကြောင်း၊ ပြန်ဆုတ်သွားချိန်တွင် အင်အား ၅၀ခန့်သာရှိတော့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။