Connect with us

Hi, what are you looking for?

သတင်း

ကလေးဝမြို့နယ် မစိန်နယ်မြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်

တိုက်ပွဲနေရာတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည့်အပြင် ထွက်ပြေးသွားခဲ့သော ရဲအချို့မှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ကလေးဝ PDF
ဓာတ်ပုံ - ကလေးဝ PDF

▪️စစ်ကောင်စီရဲခုနစ်ဦးသေ၊ လက်နက်၈ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိပြီးယစခန်းအားမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မစိန်ကျေးရွာနယ်မြေရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီရဲတပ်သားခုနစ်ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်းPeople’ s Defence Force – က​လေးဝ က ယနေ့(စက် တင်ဘာ ၂၀ ရက်) ထုတ်ပြန်သည်။

စက်တင်ဘာ ၁၈ ရက် နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် က​လေးခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-တပ်ရင်း (၉)ဖြစ်​သော PDF – ကလးဝ တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေရဲစခန်းအား စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

ဓာတ်ပုံ - ကလေးဝ PDF
ဓာတ်ပုံ – ကလေးဝ PDF

တိုက်ပွဲနေရာတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည့်အပြင် ထွက်ပြေးသွားခဲ့သော ရဲအချို့မှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကြောင်း ဖော်ပြသည်။

PDFတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်အကျ အဆုံးမရှိခဲ့ဘဲ စခန်းအား မီးရှို့ဖျက်ဆီး၍ အောင် မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ကလေးဝ PDF
ဓာတ်ပုံ – ကလေးဝ PDF

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ G3 သေနတ် ၅ လက် ၊Uzi သေနတ် ၂ လက် ၊M79 လောင်ချာ ၁ လက် ၊ လက်ပစ်မိုင်း ၃ လုံး ၊7.62ကျည် ၂၉၇ တောင့် ၊Uzi ကျည် ၁၄၉ တောင့် ၊125 ဆိုင်ကယ် ၄ စီး ၊ဆက်သွယ်ရေးအထိုင်စက် နှစ်လုံး ၊ဆက်သွယ်ရေးစကားပြောစက် ၃ လုံး ၊ဖုန်း ၁၀ လုံး ၊ဖုန်းအားသွင်းတုံး တစ်ခု၊Laptop တစ်လုံး ၊ပိုက်ဆံအိတ် နှစ်လုံး ၊ပိုက်ဆံ ၁၃,၀၀၀ကျပ် ၊လက်ထိပ် နှစ်ခု ၊ရွှေဆွဲကြိုး တစ်ကုံး ၊ကျောပိုးအိတ် တစ်လုံး ၊ဘေးလွယ်အိတ် သုံးလုံး ၊ဓါးတစ်ချောင်း တို့ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း ဒေသခံအရပ်သားပြည် သူ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားသည်ဟု ကြားသိရသည့်အတွက်လည်းအထူးစိတ်မကောင်းဝမ်းနည်းဖြစ်ရပြီး ဖြစ်စဉ်အတွက် ကာ ယကံရှင်မိသားစုအား လေးလေးနက်နက် တောင်းပန်ကြောင်းလည်း People’s Defence Force – Kalewa တပ်ရင်းက ဆိုသည်။

“ကလေးဝမှာ ငြိမ်နေတာ ကြာပြီမို့ တော်လှန်ရေးအတွက် အားမလို အားမရဖြစ်မိသေးတယ်။ ကျွန်မတို့ ကလေးတွေက ပိုင်မှ တွယ်တာ။ ရဲစခန်းတစ်ခုလုံး ပြာပဲကျန်ခဲ့တော့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။