Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်​ညောင်းကိုင်းရွာမှ စစ်တပ်နှင့်ပျူဂိတ်စခန်းကိုPDF များတိုက်ခိုက်သိမ်းပိုက်

ညောင်ကိုင်းရွာပျူဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက် ၉ နာရီမှစတင်ကာ Kanbalu Underground Warriors အပါအဝင် ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကန့်ဘလူနယ်​ညောင်းကိုင်းရွာမှ စစ်တပ်နှင့်ပျူဂိတ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်
ကန့်ဘလူနယ်​ညောင်းကိုင်းရွာမှ စစ်တပ်နှင့်ပျူဂိတ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ညောင်ကိုင်းကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက​ ၄ နာရီကြာ တိုက်ခိုက်ပြီး​နောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

” ညောင်ကိုင်းပျူဂိတ်ကို သိမ်းနိုင်တယ်။ သူတို့ဘက်က တစ်ယောက်သေတယ်။ ကျန်တဲ့သူတွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးကုန်တယ်။ ဒါကိုအတည်ပြုပါတယ်” ဟုကန့်ဘလူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ညောင်ကိုင်းရွာပျူဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက် ၉ နာရီမှစတင်ကာ Kanbalu Underground Warriors အပါအဝင် ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Drone တပ်ဖွဲ့ အပြင် လက်နက်ကြီး၊လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကဖော်ပြထားသည်။ တိုက်ပွဲမှာ ၄ နာရီခန့်ကြာပြီးနောက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက စခန်းကို​အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“စခတစ်ကောင်သေတယ်ဗျ။သူတို့က အကုန်ရှောင်ထွက် ပြေးတော့ ကျန်တာဘာမှ မရဘူးပြောတယ်ဗျ ။ကြံ့ခိုင်ရေးပါတီကတ်တွေ၊ ပြည်ခိုင်ဖြိုးလက်ပတ်တွေ အထပ်လိုက်ရခဲ့တယ်ပြောတယ်ဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း​ပြောသည်။

ကန့်ဘလူ၊ကျွန်းလှ​ဒေသတွင်စစ်ကောင်စီတပ်က အင်တာနက်လိုင်းဖြတ်ထား၍ တိုက်ပွဲပုံများရရန်၊တင်ရန်ခက်ခဲ​ကြောင်းလည်းသိ့ရသည်၊ စစ်​ကောင်စီတပ်မှ တစ်ဦး​သေပြီး အများအပြားဒဏ်ရာရကာထွက်​ပြေးကုန်ခြင်းဖြစ်ပြီး PDFများထိခိုက်ဒဏ်ရာရရှိမှုမရှိဟု​အထက်ပါသတင်းရင်းမြစ်များက​ပြောသည်။စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

စစ်တပ်နှင့်ပျူပူး​ပေါင်းစခန်းကိုKanbalu Underground Warriors ၊ MPF U.18 ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ(၉)ရက်ကလည်းကန့်ဘလူမြို့နယ် စံပယ်နံသာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကစီးနင်း တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတက်ဘက်မှ ၂၀ ဦးမက သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထိုအပြင် ​ဖေ​ဖော်ဝါရီ ၉ ရက်တွင် ကန့်ဘလူ ၊ကျွန်းလှမြို့နယ်တွင် PDFများက စစ်​ကောင်စီတပ်စခန်းများကို တစ်​နေ့တည်းများစွာတိုက်ခိုက်ခဲ့သည်။ကန့်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ ကိုလည်းPDF များက​ရှော့တိုက်ဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။