Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် အင်းမရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက် မီးရှို့ဖျက်ဆီး

အင်းမ​ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း ပထမအကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ကျော် ပြာကျခဲ့​ကြောင်း ဒေသခံများက ပြောသည်။

အင်းမရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို အဝေးမှ မြင်တွေ့ရစဉ်၊ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
အင်းမရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို အဝေးမှ မြင်တွေ့ရစဉ်၊ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်​​မြောက်ပိုင်း၊ ပင့်သာတိုက်နယ်ရှိ အင်းမရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်​တို့တွင် နှစ်ရက်ဆက် မီးရှို့ခြင်း​ကြောင့် ​နေအိမ် ၁၅လုံးပြာကျပြီး အိမ်​မွေးတိရိစ္ဆာန်အချို့ပါ ​ထိခိုက် သေဆုံးခဲ့​ကြောင်း ဒေသတွင်း Infinity Groupက ဖော်ပြသည်။

“လူထိခိုက်သေဆုံးတာတော့ မကြားသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းမ​ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း ပထမအကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ကျော် ပြာကျခဲ့​ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်​မြောက် ခြမ်းအား ဇန်နဝါရီ ၆ ရက်​မှစတင်ကာ ခမရ(၃၆၈)နှင့် ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၂ ဒီဇင်ဘာမှ ယနေ့အထိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းအား စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာ (၉)ရွာမှ နေအိမ်များနှင့် စစ်ရှောင်တဲများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၁ဦးအား နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးနှစ်ဦးလည်း ပျောက်ဆုံးနေသည်။

ယင်းစစ်ကြောင်းကြောင့် အင်းမ၊ပင့်သာ၊ဖလားရ၊ချောင်းကြားနှင့် ရှမ်းကုန်းကျေးရွာ စသည့် ရွာ ၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook