Connect with us

Hi, what are you looking for?

သတင်း

အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ထောင်ဖို့လိုနေတယ်လို့ NUG ယာယီသမ္မတဆို

“အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ထောင်ဖို့လိုနေတယ်လို့ NUG ယာယီသမ္မတဆို
အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ထောင်ဖို့လိုနေတယ်လို့ NUG ယာယီသမ္မတဆို

တော်လှန်ရေးအောင်မြင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ထောင်ဖို့ NUG အစိုးရ ယာယီသမ္မတက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတိုက်တွန်းလိုက်ပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

ပြည်တွင်းရေးဟာ ပထဝီနိုင်ငံရေးနဲ့တိုက်ရိုက် သက်ဆိုင်နေပြီး အိမ်နီးချင်းနိုင်ငံတွေထဲမှာလည်း နွေဦးတော်လှန်ရေးအပေါ်မတူတဲ့သဘောထားတွေရှိတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒီအခြေအနေတွေရှိနေတာကို နားလည်လက်ခံပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုနေတယ်လို့ ယာယီသမ္မတ က NUG အစိုးရအဖွဲ့ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဟာ အာဏာသိမ်း စစ်ကောင်စီ နဲ့ထိတွေ့ဆက်ဆံမှုတွေရှိနေပါတယ်။

အဲဒီနိုင်ငံတွေထဲက အင်အားကြီး တရုတ်နဲ့ အိန္ဒိယကို NUG အစိုးရက နွေဦးတော်လှန်ရေးဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့အကျိုးစီးပွားကိုထိခိုက်မှု ရှိစေမှာမဟုတ်ဘူးလို့သတင်းစကားပါးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။