Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည့် ချင်းတပ်များကို ယာယီသမ္မတ ချီးကျူး

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲ၌ ပိုမိုကျင်လစ်စွာ စုစည်းနိုင်ရေး အစဉ် ကြိုးစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ထန်တလန်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ထန်တလန်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

▪️လက်တွေ့နိုင်ငံရေးရလဒ်ဖြင့်သာ လူထုကို စည်းရုံးရန် NUG ဝန်ကြီးများအား ထပ်လောင်းသတိပေး

စစ်ကောင်စီတပ်နှင့်ရဲများ တပ်စွဲထားသည့် ထန်တလန်ရဲစခန်းအားသိမ်းပိုက်နိုင်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ချင်းကာကွယ်ရေးတပ်(CDF)များကို ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ချင်းတပ်ဖွဲ့များ၏ အောင်ပွဲကိစ္စကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီအတွင်း ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထန်တလန်ရဲစခန်း နှင့် ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၅ဦးထက်မနည်းသေဆုံးကာ လက်နက်မျိုးစုံ အလက် ၅၀ကျော် သိမ်းဆည်းနိုင်ခဲ့သည်။ စစ်ကောင်စီတပ်နှင့် ရဲ တပ်ဖွဲ့ဝင်များကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

Public Service Announcement
Public Service Announcement

“စစ်ကိုင်းတိုင်းဒေသနဲ့ ဆက်စပ်ပြီးတော့ ချင်းပြည်နယ်ရဲ့ ခုခံတော်လှန်စစ်ကလည်း မြေပြင်စိုးမိုးမှုကို ခြေကုတ်ယူနိုင်စွမ်း မြင့်မားတာကို တွေ့ရပါတယ်။ ချင်းပြည်နယ်မှာ လူထုအားကိုးအားထားရတဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ်တွင်းက ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေကို လေးစားဦးညွှတ်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲ၌ ပိုမိုကျင်လစ်စွာ စုစည်းနိုင်ရေး အစဉ် ကြိုးစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“ခုခံတော်လှန်စစ်မှာ အမိန့်ပေးကွပ်ကဲမှု စည်းစနစ်ကျနရေးဟာ အင်မတန် အရေးကြီးပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးနည်းအရ ခေါင်းဆောင်မှုပေးရမှာသော်လည်းကောင်း / စစ်ရေးအရ စီမံကွပ်ကဲရာမှာသော်လည်းကောင်း NUG အစိုးရအဖွဲ့ဝင်တွေ အားလုံး ဂရုတစိုက် လုပ်ဆောင်ရပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့လုပ်ဆောင်ရာ၌ ခေါင်းဆောင်မှုအရည်အသွေး၊ နိုင်ငံရေး အမြှော်အမြင်ကို ပိုအားကောင်းအောင် တည်ဆောက်နေရမည်ဟု ယာယီသမ္မတက ပြောသည်။

“လူထုကို ခေါင်းဆောင်တဲ့သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးအမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင်တော်လှန်ရေး တပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်အောင် တည်ဆောက်ထားရပါလိမ့်မယ်။ ဒါမှသာလျှင် နိုင်ငံရေးအရ တပ်ဦးမှာ ခေါင်းဆောင်မှုကို အထင်အရှားပြနိုင်ပါလိမ့်မယ်”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး (၃)နှစ်တာကာလထဲကို ချည်းနင်း ဝင်ရောက်လာမှု၌ တိကျတဲ့ နိုင်ငံရေးရလဒ်များ ထွက်အောင် ကြိုးစားရန်လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဟာ ယေဘုယျရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး။ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ။ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာလျှင် ရေရှည်တည်တံ့တယ်ဆိုတာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင် အားလုံးကို သိစေချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားပြီး လက်တွေ့နိုင်ငံရေးရလဒ်များနှင့်သာ လူထုကို စည်းရုံးရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းက ချပေးတဲ့ ခဲယမ်းထုပ်အချို့ သိမ်းရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။