Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တွင် KIAနှင့်တိုက်ပွဲ စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်

“ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်း ပျံသန်းနေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား ၂၀၂၂အတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်း ပျံသန်းနေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား ၂၀၂၂အတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

တိုက်ပွဲများ နေ့ညပြင်းထန်နေဟု ဒေသခံပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် – နမ့်ဖက်ကာ အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိရာ ယနေ့နံနက်က စစ်ကောင်စီက တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်လာသည်ဟု ဒေသခံက ပြောသည်။

“ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မူဆယ်နှင့်နမ့်ဖက်ကာကြား နမ့်အွမ်ဒေသ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

” နားဖိုင်ကျတော့ နမ့်အွန်နဲ့ နမ့်ဖက်ကာကြားပေါ့။နားဖိုင်ရွာပေါ့။ ဒီနေ့တိုက်လေယာဉ်သွားတာ အဲဒီဘက်။ သွားကြဲတယ်ထင်တယ် ကျနော်တို့ဘက်ကတော့ လေယာဉ်သံပဲကြားရတယ်။ဆက်တိုက်တွယ်နေတာ ကွတ်ခိုင်ဖြစ်လိုက်၊ နမ့်ဖလွန်းနားဖြစ်လိုက် နမ့်အွန်ဖြစ်လိုက်၊ နမ့်ဖက်ကာဖြစ်လိုက်၊ နားဖိုင်ဖြစ်လိုက်ပဲ။ လမ်းမကြီး(မန္တလေး-လားရှိုး-မူဆယ်) အခြေအနေကတော့ ရပ်လိုက်သွားလိုက်ပဲ။ ပါးတော့ ပါးသွားတာပေါ့။ ဒေသခံတွေအတွက်တော့ ထူးထူးခြားခြားမရှိပါဘူး ရိုးနေပါပြီ”ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသရှိ KIAတပ်ရင်း(၉) နယ်မြေသို့ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ သုံးရက်ဆက်ဖြစ်ပွားနေကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)နံနက်တွင် ပြောကြားထားသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်မပြောနိုင်သေးဟု သူက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။