Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှု ရှိ မရှိ လုံခြုံရေးကောင်စီ ဆွေးနွေးမယ်

လုံခြုံရေး ကောင်စီဟာ အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာပါ။

ကုလလုံခြုံရေးကောင်စီအစည်းအဝေးကိုတွေ့ရစဉ်
ကုလလုံခြုံရေးကောင်စီအစည်းအဝေးကိုတွေ့ရစဉ်

မြန်မာ့အရေးဆုံးဖြတ်ချက်ကို စစ်ကောင်စီ လိုက်နာအကောင်အထည်ဖော်တာ ရှိမ ရှိကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ လာမယ့် မတ်လလလယ်ပိုင်းမှာ ပြန်လည်သုံးသပ်ဆွေးနွေးကြဖို့ ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

လုံခြုံရေး ကောင်စီဟာ အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာပါ။

အဲဒီနောက်၂ လကျော်အကြာ မတ်လမှာ ဒီဆုံးဖြတ်ချက်တွေကို စစ်ကောင်စီလိုက်နာမှု ရှိ မရှိ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် က အစီရင်ခံစာတင်သွင်းမှာဖြစ်ပြီး လုံခြုံရေးကောင်စီက သုံးသပ်မှာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ ရဲ့ဆွေးနွေးပွဲဟာ တံခါပိတ်ဖြစ်မလား ၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ ဖြစ်မလားဆိုတာကိုတော့ မသိရသေးဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလ ၁၃ ရက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဖမ်းဆီးထားသူတွေကို လွှတ်ဖို့ ၊အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၊ အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုလေးစာလိုက်နာဖို့အချက်တွေပါပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေဟာ ပြည်တွင်းရေးကို ဝင်စွတ်ဖက်တဲ့အချက်တွေဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့လုပ်ပိုင်ခွင့်ထဲမှာ မရှိနေဘူးလို့ စစ်ကောင်စီဘက် ပြန်တုံ့ပြန်ထားတာတွေ့ရပါတယ်။

နိုင်ငံရေးအကဲခတ်တွေက လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာရင် ထိထိရောက်ရောက် အရေးယူမှု အပိုင်းမပါတဲ့အတွက် စစ်ကောင်စီဟာအလေးအနက်မထားတာလို့ သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။