Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးမှာ တက်တက်ကြွကြွပါဝင်ပေးဖို့ ထိုင်းကို မလေးရှားတိုက်တွန်း

မလေးဝန်ကြီးချုပ်ရဲ့တိုက်တွန်းမှုအပေါ် ထိုင်းဝန်ကြီးချုပ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်မှတ်ချက်ပြုတာမျိုးမရှိပါဘူး။

မြန်မာ့အရေးမှာ တက်တက်ကြွကြွပါဝင်ပေးဖို့ ထိုင်းကို မလေးရှားတိုက်တွန်း
မြန်မာ့အရေးမှာ တက်တက်ကြွကြွပါဝင်ပေးဖို့ ထိုင်းကို မလေးရှားတိုက်တွန်း

စစ်တပ်အာဏာသိမ်းမှုကြောင့်အကျပ်အတည်းတွေ့နေရတဲ့ မြန်မာ့အရေးကိုအာဆီယံ ကဖြေရှင်းရာမှာ ထိုင်းနိုင်ငံဟာ ပိုပြီးတက်တက်ကြွကြွ ပါဝင်ပေးဖို့ မလေးရှားဝန်ကြီးချုပ် က တိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီးချုပ်တာဝန်ယူပြီးနောက် ထိုင်းနိုင်ငံဆီပထမဆုံးအကြိမ် လာရောက်တဲ့ မလေးဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ်က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

ထိုင်းဟာ မြန်မာရဲ့အိမ်နီးချင်းဖြစ်ပြီး အာဆီယံရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို မလေးဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းဟာ ပြည်တွင်းရေးဖြစ်ပေမယ့်လည်း ဒေသတွင်းကို ဂယက်ရိုက်ခတ်မှုရှိနေတယ်လို့မလေးဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မလေးဝန်ကြီးချုပ်ရဲ့တိုက်တွန်းမှုအပေါ် ထိုင်းဝန်ကြီးချုပ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်မှတ်ချက်ပြုတာမျိုးမရှိပါဘူး။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ဟာလည်း အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပါတယ်။

ဒါအပြင် မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိနေတဲ့အတွက် ထိုင်းအစိုးရဟာ နိုင်ငံတကာရဲ့ဝေဖန်မှုတွေကိုလည်းကြုံနေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။