Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

သင်တန်းဆင်းပွဲအခမ်းအနားကိုဖေဖော်ဝါရီလ ၁၅ ရက်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ညိုစစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ဓါတ်ပုံ-NUG-MOD
ဓါတ်ပုံ-NUG-MOD

တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ် ၃၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ကစယ့်သူး(တောင်ညို)စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

သင်တန်းဆင်းပွဲအခမ်းအနားကိုဖေဖော်ဝါရီလ ၁၅ ရက်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ညိုစစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

အဆိုပါ မွမ်းမံသင်တန်းတွင် သင်တန်းသားရဲဘော်များအား စာတွေ့၊ လက်တွေ့ဖြင့်လေ့ကျင့်သင်ကြားပေးခဲ့ပြီးသင်တန်းကာလအားဖြင့် ၂ လတာကြာမြှင့်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ညိုစစ်ကြောင်းရှိ ရဲဘော်များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုသစ္စာဆိုခြင်း၊တာဝန်ရှိသူများမှ ကာကွယ်ရေးဝန်ကြီးပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခြင်း၊သင်တန်းဆင်းရဲဘော်များကို တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးခြင်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယခုသင်တန်းဆင်းပွဲပြုလုပ်ရာဒေသသည် KNU ဒူးပလာယာခရိုင်တပ်မဟာ(၆)နယ်မြေ၌ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook