Connect with us

Hi, what are you looking for?

News

လှိုင်သာယာမြို့တော်ခန်းမနှင့် ထွေအုပ်ရုံးအနီး ဗုံးခြောက်လုံးပေါက်

အထက်ပါ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လှိုင်သာယာ(အရှေ့)မြို့မရဲစခန်း၌ စစ်ကောင်စီတပ်များစုဝေးရောက်ရှိနေသည့်အပြင် ကျန်စစ်သားအိမ်ရာဘက်သွားသည့်လမ်းပိုင်းတွင်လည်း စစ်ဆေးမှုများလုပ် ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

-လှိုင်သာယာမှ လူငယ်၇၆ဦးကျဆုံးခဲ့သည့် ​ခြောက်လပြည့်အထိမ်းအမှတ်ဟုဆို

လှိုင်သာယာမြို့နယ်(အရှေ့) မြို့နယ်ခန်းမနှင့် ထွေအုပ်ရုံးအနီးတို့တွင် ဗုံးခြောက်လုံး ဖောက်ခွဲခဲ့ကြောင်း လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့(CGF-HTY)က ယနေ့ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီအား ခုခံစစ်ဖြစ်သည့် ဗုံးခွဲတိုက်ခိုက်မှုများကို ယနေ့(စက်တင်ဘာ ၁၄)ညနေ ၄ နာရီမှစတင်ကာ ကျန်စစ်သားလမ်းပေါ်ရှိ မြို့တော်ခန်းမအနီး ဗုံးသုံးလုံး ညောင်တုန်းလမ်းပေါ်ရှိ ထွေအုပ်ရုံးနှင့် ၅ ထိပ် ရဲစခန်းကြား ဗုံးသုံးလုံးဖြင့် ဗုံးခြောက်လုံးအား ဖေါက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ယနေ့(စက်တင်ဘာ ၁၄ ရက်)သည် နွေဦးတော် လှန်ရေး၌ပါဝင်သည့် လှိုင်သာယာမြို့နယ်မှ အနာဂတ်လူငယ် ၇၆ ဦး ကျဆုံးခဲ့ရသည့် ​ခြောက်လပြည့်နေလည်းဖြစ်ပြီး ယင်းကျဆုံးသူရဲကောင်းများအား ဂါရဝပြု အလေးပြုလိုက်ပါသည်ဟု CGF-HTY ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လှိုင်သာယာ(အရှေ့)မြို့မရဲစခန်း၌ စစ်ကောင်စီတပ်များစုဝေးရောက်ရှိနေသည့်အပြင် ကျန်စစ်သားအိမ်ရာဘက်သွားသည့်လမ်းပိုင်းတွင်လည်း စစ်ဆေးမှုများလုပ် ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၌ စစ်ကောင်စီလုံခြုံရေးတင်းကြပ် ထားသည့် မြို့တော်ခန်းမကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force ( FLA )က ထုတ်ပြန်သည်။