Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်က ​တွေ့ဆုံ​ဆွေး​နွေး​ရေးကို လိုလားခဲ့ခြင်းမရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်​ပြော

ဒီနေ့မှာ ကုလသမဂ္ဂဌာနချုပ် နယူးယောက်မြို့မှာ (၇၆) ကြိမ်မြောက် အထွေထွေညီလာခံကို စတင်ကျင်းပမှာဖြစ်ပြီး ညီလာခံ မစတင်ခင်မှာပဲ အထူးကိုယ်စားလှယ်က အခုလိုတွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်သူတွေအကျိုးအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအတွက် အကြံပြုချက်တွေကို စစ်တပ်က လိုလားခဲ့ခြင်းမရှိဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က တွစ်တာမှာရေးသားဖော်ပြပါတယ်။

အထူးကိုယ်စားလှယ် Christine Schraner Burgener က “ပြည်သူတွေအကျိုးအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး ကျွန်မရဲ့ အကြံပြုချက်တွေကို စစ်တပ်က လိုလိုလားလားမရှိခဲ့ပါဘူး။ အခြားသောပါဝင်ပတ်သက်သူတွေအနေနဲ့ အကြမ်းဖက်တဲ့နည်းလမ်းကလွဲပြီး အခြားရွေးချယ်မှု မရှိဘူးဆိုတဲ့ ခံစားချက်ကို တားဆီးနိုင်တဲ့ ငြိမ်းချမ်းစွာဖြေရှင်းရေး ဆန္ဒကင်းမဲ့နေတာကို ကျွန်မ စိတ်ကောင်းဖြစ်မိပါတယ်”လို့ ရေးသားခဲ့တာပါ။

ဒီနေ့မှာ ကုလသမဂ္ဂဌာနချုပ် နယူးယောက်မြို့မှာ (၇၆) ကြိမ်မြောက် အထွေထွေညီလာခံကို စတင်ကျင်းပမှာဖြစ်ပြီး ညီလာခံ မစတင်ခင်မှာပဲ အထူးကိုယ်စားလှယ်က အခုလိုတွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ခုခံတော်လှန်စစ် စတင်ကြောင်း စက်တင်ဘာ ၇ ရက်မှာကြေညာခဲ့ပြီး ဒီမိုကရေစီလှုပ်ရှား မှုကြားဝင်ဆောင်ရွက် ပေးနိုင်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကနေ မြန်မာပြည်သူ လူထုကို ကူညီကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို အားကိုးလို့ မရတော့ဘူးလို့ NUG က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။