Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာ စင်သီယာမောင်ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထား

ဒေါက်တာ စင်သီယာမောင်သာ ထိုင်းနိုင်ငံသားအဖြစ် ခံယူနိုင်ခဲ့မယ် ဆိုရင်တော့ သူဦးဆောင်တဲ့ ဖောင်ဒေးရှင်းကိုပါ ထိုင်းအဖွဲ့အစည်း တစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရလာနိုင်တယ်လို့လည်း သိရပါတယ်။

(​ဒေါက်တာစင်သီယာ​မောင်။ ။ဓါတ်ပုံ-KIC)
(​ဒေါက်တာစင်သီယာ​မောင်။ ။ဓါတ်ပုံ-KIC)

ထိုင်း-မြန်မာ နယ်စပ်မှာ လူနာတွေကို ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေ ဆယ်စုနှစ်သုံး ခုလောက် ပြုလုပ်ပေးခဲ့သူ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့ကြောင်း သိရပါတယ်။

Bangkok Post သတင်းစာက မြန်မာနိုင်ငံဖွား၊ ကရင်တိုင်းရင်းသူ အသက် ၆၃ နှစ်အရွယ် နှလုံးလှ ဆရာဝန်မကြီးဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့်တရားဝင်လျှောက်ထားခဲ့ကြောင်း ဖော်ပြသွားပါတယ်။ဒေါက်တာစင်သီယာမောင်ဟာမဲဆောက်မှာ မယ်တော်ဆေးခန်းကို စတင်ထူထောင် ဖွင့်လှစ်ခဲ့သူလည်း ဖြစ်ပါတယ်။

ထိုင်းရဲ့ Transborder သတင်းဌာနကဒေါက်တာစင်သီယာမောင်ဟာအခုသီတင်းပတ်ထဲမှာတက်ခ်ခရိုင်ရုံးကိုသွားရောက်ပြီး ပြစ်မှုကင်းရှင်းကြောင်း ထိုင်းရဲဌာနရဲ့ အတည်ပြု ထောက်ခံမှုကို ရယူခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒေါက်တာ စင်သီယာမောင်က သူဟာမြန်မာဒုက္ခသည်တစ်ဦး အနေနဲ့ပဲ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် အလုပ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလိုက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ ထိုင်းအေဂျင်စီတွေကိုပိုမိုချိတ်ဆက်လို့ အဆင်ပြောလာမှာဖြစ်ကြောင်း မီဒီယာတွေကိုရှင်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်ကို ပြန်သွားဖို့ အစီအစဉ် ရှိသလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့တော့ ဒေါက်တာ စင်သီယာမောင်က သူဟာ နယ်စပ်မှာ ဆက်နေပြီး နှစ်နိုင်ငံစလုံးက အကူအညီ လိုအပ်နေသူတွေကို ဆက်လက်ကူညီကုသပေးနေမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒီအတောအတွင်း ထိုင်းရဲ့ တောင်တန်းဒေသနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း (HADF) ထူထောင်သူ တူယန်ဂျိုင် ဒီတက်စ်က သူဟာ ဒေါက်တာ စင်သီယာမောင်ရဲ့ ထိုင်းနိုင်ငံသား လျှောက်ထားမှုကို ကူညီ ထောက်ခံသွားမယ်လို့ ပြောပါတယ်။ HADF အဖွဲ့ဝင်တွေဟာ လက်ရှိ အခြေအနေမှာလည်း ဒေါက်တာ စင်သီယာမောင်ရဲ့ ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုအတွက်အကူအညီတွေပေးနေပါတယ်။

ဒေါက်တာ စင်သီယာမောင်ဦးဆောင်ဖွင့်လှစ်ထားတဲ့ မယ်တော် ဆေးခန်းဟာ ၁၉၈၉ ခုနှစ်ကစလို့ နယ်စပ်မှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အခြေချသူတွေ၊ နိုင်ငံမဲ့သူတွေရဲ့ ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ပေါင်းစုံကို ကူညီ ကုသပေးနေခဲ့ပါတယ်။ နှစ်စဉ်မယ်တော်ဆေးခန်းမှာ ကုသပေးနေတဲ့ လူနာ ဦးရေကပျမ်းမျှ သုံးသောင်းကျော်လောက်ရှိပြီး အသုံး

စရိတ် ဘတ် ၄၈ သန်းလောက်နဲ့ လည်ပတ်နေပါတယ်။ အဲဒီဆေးခန်းဟာ ၃၄ နှစ်တာ ကာလအတွင်း လူနာပေါင်း ၁ သန်းကျော် ကုသပေးခဲ့သလို အစိုးရ ထောက်ပံ့ငွေ မပါဘဲ ဘတ် ၁.၈ ဘီလီယံလောက်ကို အသုံးပြုခဲ့ပါတယ်။

ဒေါက်တာ စင်သီယာမောင်သာ ထိုင်းနိုင်ငံသားအဖြစ် ခံယူနိုင်ခဲ့မယ် ဆိုရင်တော့ သူဦးဆောင်တဲ့ ဖောင်ဒေးရှင်းကိုပါ ထိုင်းအဖွဲ့အစည်း တစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရလာနိုင်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။