Connect with us

Hi, what are you looking for?

LuduNwayOo

News

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ၂၀၂၂ ဂွမ်ဂျူးလူ့အခွင့်အရေးဆု ရရှိ

ဒေါက်တာစင်သီယာမောင်သည် မယ်တော်ဆေးခန်းနှင့် ဆက်စပ်လှုပ်ရှားမှုများမှတဆင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် ရေရှည်အကျိုးပြုနိုင်သောအသိုင်းအဝန်းဖြစ်ရန်မျှော်မှန်းထားပြီး အနာဂတ်၏မသေချာမှုများကို ကျော်လွှားရန် ကြိုးပမ်းနေကြောင်း The May 18 Memorial Foundation က ထုတ်ပြန်သည်။

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ၂၀၂၂ ဂွမ်ဂျူးလူ့အခွင့်အရေးဆု ပေးအပ်ချီးမြှင့်ကြောင်း တောင်ကိုရီးယား The May 18 Memorial Foundation က ယနေ့ ကြေညာသည်။

ဒေါက်တာစင်သီယာမောင်သည် မြန်မာစစ်တပ်၏ လူမဆန်သော ဖိနှိပ်မှုများကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည်များကို ဆေးကုသမှုကူညီထောက်ပံ့ရန် မဲဆောက်ဒေသ၌ ကျောင်းသား ဆေးရုံဟု ခေါ်ဆိုသော မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

“ဒေါက်တာစင်သီယာမောင်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ မယ်တော်ဆေးခန်းဟာ ဒုက္ခသည်တွေအတွက် နားခိုခိုလှုံရာနဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်မှုအပေါ် အခြေခံပြီး ညှင်းပန်းနှိပ်စက်ခံရတဲ့ ပြည်သူတွေအတွက် ဆေးဝါးအကူအညီ၊ ဘက်ပေါင်းစုံကာကွယ်ပေးမှုဝန်ဆောင်မှုတွေ ပေးဖို့ ဖြစ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု The May 18 Memorial Foundation က ထုတ်ပြန်သည်။

ထို့အပြင် မယ်တော်ဆေးခန်းသည် လူမှုရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို အသိပညာပေးမှု၊ ဆေးဝါးဆိုင်ရာ ကူညီထောက်ပံ့မှုတို့ကို မြှင့်တင်ခြင်းဖြင့် မြန်မာ့အနာဂတ်အတွက် အားပေးရန်၊ မျိုးဆက်သစ်ခေါင်းဆောင်များကို မြေတောင်မြှောက်ပေးရန်၊ ပြင်ဆင်ရန် နိုင်ငံတကာအသိုင်းအဝန်းရှိ မိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ရေးအားကောင်းရန် ကြိုးပမ်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေါက်တာစင်သီယာမောင်သည် မယ်တော်ဆေးခန်းနှင့် ဆက်စပ်လှုပ်ရှားမှုများမှတဆင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် ရေရှည်အကျိုးပြုနိုင်သောအသိုင်းအဝန်းဖြစ်ရန်မျှော်မှန်းထားပြီး အနာဂတ်၏မသေချာမှုများကို ကျော်လွှားရန် ကြိုးပမ်းနေကြောင်း The May 18 Memorial Foundation က ထုတ်ပြန်သည်။

ထို့အပြင် စစ်အာဏာသိမ်းမှုအပေါ် မြန်မာပြည်သူ လူထု၏ ခုခံမှုသည် မြန်မာ့အကျပ်အတည်းကို ကျော် လွှားရေး အဓိကအရင်းအမြစ်ဖြစ်ကြောင်း အထက်ပါ တောင်ကိုရီးယားဖောင်ဒေးရှင်းက ပြောသည်။

တောင်ကိုရီးယား၏ အကျိုးစီးပွားနှင့် အားပေးထောက်ခံမှုသည် ခက်ခဲကြမ်းတမ်းသော မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခရီးအတွက် အနည်းငယ်အကူအညီဖြစ်မည်ဟု မျှော်လင့်ကြောင်း နှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း မြန်မာပြည်သူများနှင့်အတူ ရပ်တည်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အားပေးကူညီမှုများပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း The May 18 Memorial Foundation က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါဆေးခန်းသည် ဆေးရုံအဆင့်ရှိပြီး ဝန်ဆောင်ခသင့်တင့်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် နယ်များကပါ လာရောက်ဆေးကုသသူများရှိကြောင်း မြို့ခံအချို့က ပြောသည်။

သတင်း

မနေ့ညပိုင်း ၆ နာရီခွဲဝန်းကျင်မှာတော့ ပလိပ်မြို့ ဈေးကွက်သစ်ရပ်ကွက် လျှပ်စစ်ရုံးရှေ့က ဆေးခန်းမှာ ရှိနေချိန် ဝင်ပစ်ခံရတာပါ။

သတင်း

ဒေါက်တာ စင်သီယာမောင်သာ ထိုင်းနိုင်ငံသားအဖြစ် ခံယူနိုင်ခဲ့မယ် ဆိုရင်တော့ သူဦးဆောင်တဲ့ ဖောင်ဒေးရှင်းကိုပါ ထိုင်းအဖွဲ့အစည်း တစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရလာနိုင်တယ်လို့လည်း သိရပါတယ်။

သတင်း

ရွှေတောင်မေတ္တာ အခမဲ့ ပရဟိတဆေးခန်းဟာ မုံရွာမြို့ ၊ကူးတို့ကုန်းရပ်ကွက် ၊ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတာဖြစ်ပြီးနေ့စဉ် လူနာ ၁၀၀ နီးပါး ကုသပေးနေရတယ်လို့သိရပါတယ်။