Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ
ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

ဒေါ်လာလေးသန်းတန် မိုးကုတ်ရှိ ကျောက်မျက်တူးဖော်ရေးတွင်းတစ်ခုကို လုပ်ငန်းရှင်တစ်ဦးကဝယ်ယူသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျောက်မျက်ရောင်းချရေးဖြစ်သည့် Early Partnership Programက ယနေ့ ထုတ်ပြန်ကြေညာသည်။

လုပ်ငန်းရှင် ဝယ်ယူသွားသော​ကျောက်မျက်တွင်းမှာ မိုးကုတ်မြို့ရှိ ကင်း-၂ အမည်ဖြင့် ကျောက်မျက်တူးဖော်ရေးတွင်း နံပတ် -၁၇ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် မိုးကုတ်မြို့ရှိ ကျောက်မျက်တွင်း ၄၅ခုကို ရောင်းချနေခြင်းဖြစ်သည်။

ယခု ကင်း-၂ ကျောက်မျက်တွင်းကို လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခွင့်ရရှိခဲ့ပြီး ကျန် ၄၄ တွင်းအတွက်လည်း ဝယ်ယူရန် ကမ်းလှမ်းမှုအမြောက်အမြားရှိနေသည်ဟု NUGက ဆိုသည်။ ထိုကျောက်မျက်တွင်း ၄၅ တွင်းစုစု​ပေါင်းမှာ ဒေါ်လာသန်း ၄၈၀ ကျော်ရှိပြီး ၎င်းတို့ကို ဒေါ်လာ ၁၄၄ ဒသမ ၆ သန်းဖြင့် ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

ယခုရောင်းထွက်ခဲ့သည့် ကျောက်မျက်တွင်းသည် အပြာရောင်နီလာ၊ ပတ္တမြား၊ မြ၊ သလင်းကျောက် စသည့် အဖိုးတန် ကျောက်မျက်များထွက်ရှိသည် နေရာဖြစ်သည်ဟု NUG၊ သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာက အသိ​ပေးထားသည်။

ထိုလုပ်ကွက်သည် မြေဧက ၃၀ခန့်ကျယ်ဝန်းပြီး ဈေးကွက်ပေါက်ဈေး ဒေါ်လာ ၄ သန်းရှိသည်။ ၎င်းလုပ်ကွက်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့်ရောင်းချမည်ဖြစ်ပြီးတော်လှန်ရေးကာလအတွင်း ဒေါ်လာ ၄၈၀,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook