Connect with us

Hi, what are you looking for?

သတင်း

NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ

​ငွေ​ပေးသွင်း​​သောအခါတော်လှန်ရေးကာလတွင် ၄၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအလွန်လုပ်ငန်းစတင်ချိန်မှသာစတင်ပေးသွင်းရမည်ဟုသိရသည်။

NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ
NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ

မိုးကုတ်ပတ္တမြားမြေတွင်ကျောက်မျက်ရှာဖွေတူးဖော်ရေးလုပ်ကွက် ၄၅ကွက်အတွက်​ကျောက်မျက်ရှာ​ဖွေတူး​ဖော်ခွင့်ကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က​ရောင်းချရန် ဖိတ်​ခေါ်ထားသည်။

​ကျောက်မျက် လုပ်ကွက် ၄၅ ကွက်သည်အနိမ့်ဆုံး ဒေါ်လာ ၂၃၅,၂၀၀ မှဒေါ်လာ ၂,၈၂၂,၄၀၀ အထိ သတ်မှတ်ထားပြီး လုပ်ပိုင်ခွင့်ကာလ ၁၀ နှစ်သတ်မှတ်ကာ ခွင့်ပြုထားသည်။

NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ
NUG ကမိုးကုတ်ကျောက်မျက်လုပ်ကွက် ၄၅ကွက်အတွက်လုပ်ကိုင်ခွင့်​ရောင်းချ

လုပ်ကွက်များတွင် ဒေါ်လာ ၄ သန်းတန်မှ ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိ လုပ်ကွက်များပါဝင်သည်။ထိုလုပ်ကွက်များကို ဝယ်ယူသူများက တော်လှန်ရေးအလွန်တွင် ၁၀ နှစ်လုပ်ကိုင်ခွင့်ရရှိပြီး အစိုးရက ၅၁ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှပ်နှံသူက ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်ဟု NUG ထုတ်ပြန်ထားသည်။အဆိုပါနှုန်းသည်လက်ရှိကာလတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားခြင်းဖြစ်သည်ဟုဆိုသည်။

​ငွေ​ပေးသွင်း​​သောအခါတော်လှန်ရေးကာလတွင် ၄၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအလွန်လုပ်ငန်းစတင်ချိန်မှသာစတင်ပေးသွင်းရမည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ကျောက်မျက်တူးဖော်ရေးသည် အာဏာရှင် စစ်အစိုးရအဆက်ခက် ၎င်းတို့နှင့်ပတ်သတ်သူများနှင့် ငွေကြေးကို အသုံးချပြီး အခွင့်အရေးဝယ်ယူသူများကသာ တူးဖော်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုအခါ နွေဦးတော်လှန်ရေးနှင့်အတူ ထိုစနစ်ကိုပြောင်းလဲသွားမည်ဟု NUGက ထုတ်ပြန်ထားသည်။

“သယံဇာတ ဆိုတာ စီးပွါးရေးကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်လာရင် ထုတ်ယူသုံးစွဲဖို့မလိုအပ်တော့ဘူး၊ ခုလို ပြည်သူတွေ ရွေးချယ်စရာ သိပ်မရှိတဲ့ ကာလမှာ သယံဇာတ အပါ်မှီခိုလာရတဲ့ ပြည်သူများကို အကန့်အသတ်နဲ့ ခွင့်ပြုပေးတာမျိုးရှိပါတယ်။ ဒီ အစီအစဉ်ကတော့ နောက်နောင် ငြိမ်းချမ်းသွားရင် စနစ်တကျနဲ့ တူးဖေါ်နိုင်ဖို့ လုပ်ပိုင်ခွင့်ကြိုပေးထားတဲ့ သဘော ဖြစ်ပါတယ်”ဟု NUG ၏ သဘာဝသယံဇာတ ဝန်ကြီး​ဒေါက်တာတူး​ခေါင်ကလည်း​ပြောကြားထားသည်။

လုပ်ကွက်များရောင်းချမည့် အချိန်ကို မကြာခင်ထုတ်ပြန်သွားမည်ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

“တော်လှန်ရေးကို အနိုင်ရမယ်ထင်ရင် အခုချိန်မှာ ဝယ်ယူထားသင့်တာပေါ့။ စီးပွားရေးက ရင်းနှီးမြှပ်နှံခြင်းပါပဲ။ စွန့်စားမှုတော့ရှိမှာပေါ့”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသူ၏ အမြင်ကိုပြောသည်။

ထိုလုပ်ကွက်များသည် ပြည်တွင်းလုပ်ငန်းရှင်များထက် ပြည်ပလုပ်ငန်းရှင်များကို ပိုမိုဆွဲဆောင်သင့်ကြောင်း ၎င်းကအကြံပြုသည်။ NUGကယခု​ကျောက်မျာက်လုပ်ကွက်များကို ပြည်တွင်း၊ပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို