Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အ​ခေါက်​ရွှေကို ပြင်ပ​ပေါက်​ဈေးထက်ကျပ် ကိုး​သောင်း​လျှော့​ရောင်းခိုင်း

ဖေ​ဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပပေါက်ဈေးကွက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၆၀,၀၀၀ပေါက်ဈေးရှိ​သော်လည်းစစ်​ကောင်စီကာ၂,၇၉,၀၀၀ကျပ်ဖြင့်​ရောင်းချရန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အ​ခေါက်​ရွှေကို ပြင်ပ​ပေါက်​ဈေးထက် ကျပ် ကိုး​သောင်း​လျှော့​ရောင်းခိုင်း
စစ်ကောင်စီက အ​ခေါက်​ရွှေကို ပြင်ပ​ပေါက်​ဈေးထက် ကျပ် ကိုး​သောင်း​လျှော့​ရောင်းခိုင်း

အ​ခေါက်​ရွှေတစ်ကျပ်သားလျှင်ပြင်ပ​ဈေးကွက်တွင် ကျပ် ၂၈သိန်းခွဲ​ကျော်ရှိ​နေ​သော်လည်း စစ်​ကောင်စီကကျပ်ကိုး​သောင်း​ကျော်​လျှော့ ရောင်းချရမည်ဟုယနေ့ဖိအား​ပေးသတ်မှတ်လိုက်သည်။

ဖေ​ဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပပေါက်ဈေးကွက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၆၀,၀၀၀ပေါက်ဈေးရှိ​သော်လည်းစစ်​ကောင်စီကာ၂,၇၉,၀၀၀ကျပ်ဖြင့်​ရောင်းချရန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခငမစစ်ကောင်စီကအခေါက်ရွှေတစ်ကျပ်သား ၂၅သိန်းဖြင့်သာ အမြင့်ဆုံးရောင်းချရမည်ဟု သတ်မှတ်ထားရာမှ ဖေဖော်ဝါရီ ၂၂ရက်မှ စ၍ အထက်ပါနှုန်းအတိုင်းသာရောင်းချရမည်ဖြစ်သည်ဟု စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ဖိအား​ပေး၍သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သို့​သော်စစ်ကောင်စီသတ်မှတ်လိုက်သည့်ဈေးနှုန်းမှာလက်တွေ့ ဈေးကွက်အတွင်း အမှန်တကယ်သက်ရောက်မှုမရှိနိုင်ကြောင်း ၊ စစ်​ကောင်စီကို ဆန့်ကျင့်သည့် ရွှေလုပ်ငန်းရှင်များနှင့်ရွှေဆိုင်ပိုင်ရှင်များကို အနိုင်ကျင့်ရန်အတွက်သာ ဖြစ်နိုင်​ကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဈေးကွက်မှာဖြစ်နေတဲ့ ဈေးကို အမိန့်အာဏာနဲ့ သတ်မှတ်ရင် မှောင်ခိုဈေးကွက်ကပေါ်လာမှာပဲ။ ၁၀၀ တန်ပစ္စည်းကို ၈၀နဲ့ရောင်းခိုင်းတာ ဘယ်လို့လုပ် ဖြစ်နိုင်မှာလဲ”ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်ကပြောသည်။

​မြန်မာနိုင်ငံတွင် စစ်အုပ်စုအာဏာသိမ်းပြီး ရွှေဈေးနည်းတူ ဒေါ်လာဈေးကိုလည်း တစ်ဒေါ်လာ ၂၁၀၀ကျပ်သတ်မှတ်ခဲ့သည်။ သို့​သော်ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၂၈၅၀ကျပ် ယနေ့ပေါက်ဈေးရှိနေသည်။

စစ်အုပ်စုအာဏာမသိမ်ခင်ကည​ရွှေ တစ်ကျပ်သားလျှင် ၁၃ သိန်းကျပ် ၊ ​၁ ​ဒေါ်လာလျှင် ၁၃၀၀ ကျပ်​ကျော်သာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။