Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်

“ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန်တန်းစီနေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲတွေနဲ့အတူ ပြတ်သားစွာရပ်တည်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ပြင်သစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းတွေ ပြန် လည်ထူထောင်ရေးကိုလည်းတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှုဖွံ့ဖြိုးတိုး တက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံကထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်”လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူရွေးချယ်တင်မြှောက်ခံ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေ အနေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေ စီစနစ်ပြန်လည်ထွန်းကားရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန်တန်းစီနေသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။