Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် တိုက်ပွဲမဖြစ်​ဘဲ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်၍ အဘွားအိုတစ်ဦးနှင့်လူငယ်တစ်ဦး ဒဏ်ရာရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးရဲဘော်နှင့် ပြည်သူစုစုပေါင်း ၂၅၀နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ် ၍ အသက်(၆၀)ကျော် အဘွားအိုနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ် ကွေ့ဈေးတန်း၌ အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်း ကျေးရွာက ပျူစောထီးများသည် တိုက်ပွဲမဖြစ်ဘဲ (၆၀) မမ လက်နက်ကြီးဖြင့်လည်းကောင်း၊လက်နက်ငယ် များဖြင့် မိနစ်၃၀ကြာသည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

ထိုသို့ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာ အတွင်း (၆၀)မမ သုံးလုံးကျ၍ တစ်လုံးပေါက်ကွဲကာ အသက်(၆၀)ကျော် အဘွားအိုတစ်ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း၊ ထို့အပြင် အသက်(၃၀) ဝန်းကျင် အမျိုးသားတစ်ဦးလည်း ပေါင်ကျည်ထိမှန်ခဲ့ပြီး နှစ်ဦးလုံး ဆေးကုသမှုခံယူနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အင်းပတ်ကျေးရွာသည် ရွာသစ်ကုန်းပျူစောထီးခြံနှင့်ပေ ၁၅၀၀ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်နှင့်ပျူများ၏ လေးကြိမ်တိုင်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၂၁၈လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ပျူရွာနှင့် နီးသည့်အတွက်လည်း အကြိမ် ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီမနက်တော့ အင်းပတ်ကွေ့က စကစတွေ အင်တိုင်းလေးတောင်ရွာကို ဖြတ်ပြီး ကားဆိပ် ကျေးရွာဘက်ကို ဦးတည်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ် တောင်ခြမ်းရှိ လက်ပံလှကျေးရွာအား နေအိမ်၂၅၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အသက်၇၀နှစ်အရွယ်သီလရှင်တစ်ပါးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးရဲဘော်နှင့် ပြည်သူစုစုပေါင်း ၂၅၀နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့