Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ

ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့ ဒေသခံအချို့က ပြောပြပါတယ်။

မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ
မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်မှာရှိတဲ့ အမ နေအိမ်ဆီ အလည်ရောက်နေတဲ့ ဒုရဲမှူးတစ်ဦး မနေ့ကညပိုင်းက ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့ ဒေသခံအချို့က ပြောပြပါတယ်။

မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ
မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ

စစ်အုပ်စုဘက်ကတော့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် မှာနေတဲ့ အိမ်ခြေမြေပွဲစား အမျိုးသမီးရဲ့နေအိမ်ကို မနေ့ညပိုင်း ၆ နာရီဝန်းကျင်က အမျိုးသား ၈ ဦး ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး လူသတ် ဓားပြတိုက်သွားတာလို့ သတင်းထုတ်ထားပါတယ်။

Public Service Announcement
Public Service Announcement

” ဒုရဲမှူး က ယူနီဖောင်းနဲ့မဟုတ်ဘူး ၊အရပ်ဝတ်နဲ့ပဲ၊ စကားပြောစက်ကအသံထွက်လာတာကနေသိပြီး ပစ်သွားတာ”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ
မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ

အဲဒီ ဒုရဲမှူး ဆီကနေ ခြောက်လုံးပြုး နဲ့စကားပြောစက် ယူသွားတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ ကျပ်သိန်းသုံးရာအပြင် ရွှေထည်တွေပါသွားတယ်လို့ လူမှုကွန်ရက်မှာ စစ်အုပ်စု ဘက်က သတင်းဖြန့်ထားတာတွေ့ရပါတယ်။

ပစ်ခတ်ခံရတဲ့ ဒုရဲမှူးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။