Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ မြေပြင်တိုက်ပွဲ ချင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံး

ဖေဖော်ဝါရီ ၉ရက်တွင် စစ်ကောင်စီ၏ ထန်တလန်ရဲစခန်းကို CNAနှင့် ချင်းကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင် လက်နက် ၄၂လက်ကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဉ်)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဉ်)

▪️ထန်တလန်ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီကလေကြောင်းမှ အကြိမ် ၆၀ကျော် တိုက်ခိုက်

ချင်းပြည်နယ် ထန်တလန်မြို့၌ ယမန့်ကဖြစ်ပွားသည့် တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်မတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဖေဖော်ဝါရီ ၉ရက်တွင် စစ်ကောင်စီ၏ ထန်တလန်ရဲစခန်းကို CNAနှင့် ချင်းကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင် လက်နက် ၄၂လက်ကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။

ထိုနေ့မှစ၍ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ယမန်နေ့က လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံး ၁၃လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နံနက်ပိုင်း လေကြောင်းမှ ဗုံးကြဲမှုအတွင်း ချင်းတပ်ဖွဲ့မှ အသေးစား ဒဏ်ရာရရှိမှုသာရှိသော်လည်း ညနေပိုင်း မြေပြင်တိုက်ပွဲ၌ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်ဟု ဆလိုင်းထက်နီက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“အဲဒါ(လေကြောင်းတိုက်ခိုက်မှု)ပြီးတဲ့အခါ သူတို့ အခု လက်ရှိ ထန်တလန် တပ်ကုန်းပေါ်မှာ ခြေကုတ်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဆင်းလာလို့ ကျွန်တော်တို့ အနီးကပ်တိုက်ပွဲ ဖြစ်တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ဘက်က ဒေသကာကွယ်ရေးတပ်ဖွဲ့က တစ်ယောက်၊ ချင်းအမျိုးသားတပ်မတော်က တစ်ယောက် ကျသွားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ညနေပိုင်းမှာမရှိဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပူးပေါင်းတပ်ကလည်း စစ်ကောင်စီတပ်စွဲရာ တပ်ကုန်းသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ချတော့ သူတို့ရဲ့ လက်နက်ကြီးတစ်ခုလုံးက လွင့်ထွက်ပျက်စီးသွားတာပေါ့။ အဲဒီမှာ အသေအပျောက် ဘယ်လောက်ရှိမလဲတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတာ ရှိကိုရှိမယ်လို့ တွက်တာပေါ့။”ဟု ဆလိုင်းထက်နီက ပြောသည်။

ရဲစခန်းသိမ်းခံရသည့် စစ်ကောင်စီတပ်အနေဖြင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ အသုံးပြုပြီး မြေပြင်မှ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်ဟုဆိုသည်။

“အခု ဗုံးကြဲတာ အကြိမ်ပေါင်း ၆၀ထက်မနည်းတော့ဘူး။ ဗုံးကြဲတာရော တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပစ်တာရောပေါ့။”ဟု ဆလိုင်းထက်နီက ပြောသည်။

ဖေဖော်ဝါရီ ၉ရက်က ရဲစခန်းသိမ်းခံရပြီးနောက် ထန်တလန်မြို့၌ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ချင်းတပ်ဖွဲ့မှ အချို့ကျဆုံးခဲ့သည်။ ဖေဖော်ဝါရီ ၉ရက်မှ ယနေ့အထိ ထန်တလန်တိုက်ပွဲများအတွင်း ချင်းတပ်မှ ၅ဦးခန့် ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။