Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေ

“ဗုံးကြဲတဲ့ အချိန်မှာ ကျနော်တို့ဘက်ကလည်း ဒရုန်းနဲ့ သူတို့ ခြေကုတ်ယူထားတဲ့ တပ်ကုန်းနေရာကို ဒရုန်းနဲ့ ဗုံးကြဲတော့ သူတို့ရဲ့ လက်နက်ကြီး တစ်လက်ပျက်စီးသွားတာပေါ့။ အသေအပျောက်တော့ မသိနိုင်သေးဘူး”ဟု ဆလိုင်းထက်နီက ပြောကြားသည်။

ထန်တလန်မြို့၏ လူအစည်ကားဆုံးမြို့မလမ်းဆုံတစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - Salai Tial Hram Ling
ထန်တလန်မြို့၏ လူအစည်ကားဆုံးမြို့မလမ်းဆုံတစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - Salai Tial Hram Ling

▪️စစ်ကောင်စီက လေကြောင်းမှ လက်နက်ကြီးပစ်ကူဖြင့်တိုက်ခိုက်၊ ချင်းပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် ထန်တလန်မြို့၌ ယနေ့ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ လက်နက်ကြီး ပစ်ကူများ အသုံးပြုတိုက်ခိုက်နေကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဖေဖော်ဝါရီ ၉ရက်က စစ်ကောင်စီရဲစခန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ကမြို့ကို လေကြောင်း တိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်ခဲ့ရာ ယနေ့ နံနက်တွင်လည်း သုံးကြိမ် လာရောက်ဗုံးကြဲခဲ့သည် ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“သုံးကြိမ်လာပြီးတော့ ထန်တလန်မြို့ထဲမှာ ၁၃ကြိမ် ဗုံးကြဲတာပေါ့။ အဲဒါအပြင် ဟားခါးဗျူဟာကနေ လက်နက်ကြီးနဲ့ တရစပ် ပစ်တယ်။ အခုလည်းမြေပြင်မှာ မြို့ထဲမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိနေတာပေါ့။ ကျွန်တော်တို့ဘက်က အခုဝင်လာတဲ့ သတင်းအရ ဗုံးကြဲတဲ့ အချိန်မှာ တစ်ဦးတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပေါ့ ။အခုက တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ နှစ်ဖက် အသေအပျောက်တော့ ကွန်ဖန်းမရသေးဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပူးပေါင်းတပ်ဘက်ကလည်း စစ်ကောင်စီတပ်ကုန်းရှိရာသို့ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ဗုံးကြဲတဲ့ အချိန်မှာ ကျနော်တို့ဘက်ကလည်း ဒရုန်းနဲ့ သူတို့ ခြေကုတ်ယူထားတဲ့ တပ်ကုန်းနေရာကို ဒရုန်းနဲ့ ဗုံးကြဲတော့ သူတို့ရဲ့ လက်နက်ကြီး တစ်လက်ပျက်စီးသွားတာပေါ့။ အသေအပျောက်တော့ မသိနိုင်သေးဘူး”ဟု ဆလိုင်းထက်နီက ပြောကြားသည်။

CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF)တို့ ပူးပေါင်းပြီး ထန်တလန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့ပြီး လက်နက် ၄၂လက်ရရှိခဲ့ကြောင်း ချင်းတပ်ဖွဲ့က အသိပေးထားသည်။ သိမ်းပိုက်ခံထားရသည့် ရဲစခန်းကို ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်ဘက်က ကြေညာထားသော်လည်း ယခုအချိန်ထိ ချင်းပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။