Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်နှင့် မီးဘေးရှောင်ပြည်သူများအား ဆန်၊ ဆီနှင့်ငွေကြေး ထောက်ပံ့ခဲ့ကြောင်း ဂန့်ဂေါ (ပအဖ) အသိပေး

ကူညီထောက်ပံ့ရန်ကျန်ရှိနေသော စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီနိုင် ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ဒေသခံ ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဒေသခံ ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် ပြည်သူ များနှင့် စစ်ကောင်စီတပ်မီးရှို့၍ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများကို ဂန့်ဂေါ(ပအဖ)က ထောက်ပံ့မှုများ ယခင်ကလည်း ဆောင်ရွက်ခဲ့ရာ ယခုလအတွင်း ထောက်ပံ့မှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခု ဖေဖော်ဝါရီအတွင်း ဂန့်ဂေါမြို့နယ် ကုက္ကားကျေးရွာမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော ပြည်သူအိမ်ထောင်စု (၃၂)စုအတွက် တစ်အိမ် ထောင်လျှင် ဆန် ခြောက်ပြည်၊ ဆီ၅၀ကျပ်သား စုစုပေါင်း ဆန် (၁၂)တင်း၊ ဆီ (၁၆)ပိဿာ ကိုပေးအပ်ခဲ့သည်ဟု ဆိုသည်။

ဒေသခံ ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဒေသခံ ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်နေစဉ်၊ ဓာတ်ပုံ – ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ထို့ပြင် စစ်ကောင်စီလက်ချက်ကြောင့် နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရသော ရဲလှကျေးရွာ အိမ်ထောင် စု သုံးစုအတွက် တစ်အိမ်လျှင် ငါးသောင်းကျပ်စီထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ဂန့်ဂေါနယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခြင်းမရှိ၍ တိုက်ပွဲမဖြစ်သော်လည်း ဒေသခံများ နေရပ်သို့ မပြန်နိုင်သေးကြောင်း ဂန့်ဂေါဒေသခံတစ်ဦးကပြောသည်။

“ကျွန်မတို့ရွာမှာဆိုရင်တော့ ရွာမှာနေတဲ့သူရော တောထဲမှာနေတဲ့သူရောရှိတယ်။ ရွာရဲ့ မြောက်ဘက်ကဆိုရင်တော့ သူတို့ရွာမှာက အိမ်ကလည်း တစ်လုံးမှ မကျန်တော့ဘူး။ ရွာလည်း မရှိတော့ဘူးလို့ပြောလို့ရတယ်။ အဲဒီလိုဆိုတော့ အားလုံးက တောထဲမှာနေကြတာ”ဟု ဂန့်ဂေါဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံ ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်နေစဉ်၊ ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဒေသခံ ပြည်သူများကို ဆန်၊ ဆီနှင့် ငွေကြေး ထောက်ပံ့ပေးအပ်နေစဉ်၊ ဓာတ်ပုံ – ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာခဲ့ရ၍ အလုပ်အကိုင်အခွင့်အလမ်းများ အခက်အခဲဖြစ်နေပြီး စားဝတ်နေရေး အခက်အခဲများစွာရှိနေသည်ဟု သူမက ဆိုသည်။

ကူညီထောက်ပံ့ရန်ကျန်ရှိနေသော စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက်လည်း ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီနိုင် ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။