Connect with us

Hi, what are you looking for?

News

အောက်တိုဘာ ၁၅ ရက်ကစလို့ ထိုင်းက ပြည်ဝင်ခွင့်ပြန်ဖွင့်မယ်

ဘန်ကောက်ရဲ့ ခရိုင်တွေအားလုံးကို နိုင်ငံခြားဧည့်သည်တွေလာရောက်လည်ပတ်ခွင့်ကို တစ်ချိန်တည်းဖွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေးအပြည့်အဝထိုးပြီးတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို အောက်တိုဘာ ၁၅ ရက်ကစလို့ ပြည်ဝင်ခွင့်ပေးသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ကာကွယ်ဆေးလိုအပ်တဲ့အကြိမ်ရေအပြည့်အဝထိုးပြီးထားတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို ကွာရန်တင်းဝင်စရာမလိုဘဲ ပြည်ဝင်ခွင့်ပေးမယ်လို့ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဘန်ကောက်ရဲ့ ခရိုင်တွေအားလုံးကို နိုင်ငံခြားဧည့်သည်တွေလာရောက်လည်ပတ်ခွင့်ကို တစ်ချိန်တည်းဖွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခြားခရီးသွားဒေသတွေဖြစ်တဲ့ ဟွာဟင်း၊ ချအမ်း၊ ချင်းမိုင်နဲ့ ပတ္တရားကမ်းခြေတို့ကို အောက်တိုဘာ ၁ ရက်က စလို့ပြန်ဖွင့်ပေးဖို့ စီစဥ်နေတယ်လို့လည်းဝန်ကြီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။