Connect with us

Hi, what are you looking for?

သတင်း

လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

လွန်ခဲ့သည့် ၂ နှစ် (၂၀၂၁ ဖေဖော်ဝါရီ ၂၆)က သံအမတ်ကြီးဦးကျော််မိုးထွန်း၏ ရဲဝံ့သောရပ်တည်ချက်သည် တော်လှန်ရေးသမိုင်းစာမျက်နှာထက်တွင်မော်ကွန်းဝင်နေပြီဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်၌ ရေးသားသည်။

လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည််သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု
လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည််သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် မြန်မာပြည်သူများနှင့် အတူရပ်တည်ကြောင်း အထွေထွေညီလာခံ UNGAတွင် ရဲဝံ့စွာထုတ်ဖော်ပြောကြားခဲ့မှုမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလွန််အရေးပါသည့်် အခိုက်အတံံ့ဖြစ််ကြောင််း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂုဏ််ပြုချီးကျူးသည်။

လွန်ခဲ့သည့် ၂ နှစ် (၂၀၂၁ ဖေဖော်ဝါရီ ၂၆)က သံအမတ်ကြီးဦးကျော််မိုးထွန်း၏ ရဲဝံ့သောရပ်တည်ချက်သည် တော်လှန်ရေးသမိုင်းစာမျက်နှာထက်တွင်မော်ကွန်းဝင်နေပြီဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်၌ ရေးသားသည်။

“မြန်မာပြည်သူများနှင့် နွေဦးတော်လှန်ရေးအတွက်ရဲဝံ့စွာရပ်တည်ခဲ့သော မြန်မာနိုင်ငံနှင့်မြန်မာပြည်သူများကို ကိုယ်စားပြုလျက် ၊ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းအား လေးစားစွာဂုဏ်ပြုအပ်ပါသည်” ဟု ဆက်လက််ဖော်ပြသည််။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)တွင် လက်သုံးချောင်းထောင်ကာ စစ်တပ််၏ အာဏာသိမ်းမှုကို လက်မခံကြောင်း ကမ္ဘာသိအောင် ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုစဥ်က UNGA တွင် သံအမတ်ကြီး ပြောကြားသည့် မိန့်ခွန်းတွင် စစ်တပ်၏အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ကမ္ဘာ့နိုင်ငံများက ထုတ်ပြန်ရန်၊ စစ်အစိုးရကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လေးစားရန် ကမ္ဘာ့ နိုင်ငံများက တိုက်တွန်းရေး၊ နိုင်ငံတော်အာဏာကို ပြည်သူရွေးကောက်ခံအစိုးရ မရမချင်း စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရေး၊ အာဏာသိမ်းမှုချက်ချက်အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သည့် အကြမ်းဖက်မှု၊သွေးထွက်သံယို လုပ်ရပ်များ ရပ်တန့်ရန် ဖြစ်နိုင်သမျှသော အပြင်းထန်ဆုံးအရေးယူမှုများကို ကမ္ဘာ့နိုင်ငံများက လုပ်ဆောင်ရေးနှင့် CRPH(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)ကို ကမ္ဘာ့နိုင်ငံများက ကူညီပံ့ပိုးရေး စသည့်အချက် ၆ချက်ကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။