Connect with us

Hi, what are you looking for?

သတင်း

လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

လွန်ခဲ့သည့် ၂ နှစ် (၂၀၂၁ ဖေဖော်ဝါရီ ၂၆)က သံအမတ်ကြီးဦးကျော််မိုးထွန်း၏ ရဲဝံ့သောရပ်တည်ချက်သည် တော်လှန်ရေးသမိုင်းစာမျက်နှာထက်တွင်မော်ကွန်းဝင်နေပြီဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်၌ ရေးသားသည်။

လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည််သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု
လွန်ခဲ့သည့် ၂ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံ၌ မြန််မာပြည််သူများနှင့်အတူ ရပ်တည်ခဲ့မှုကို NUG နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် မြန်မာပြည်သူများနှင့် အတူရပ်တည်ကြောင်း အထွေထွေညီလာခံ UNGAတွင် ရဲဝံ့စွာထုတ်ဖော်ပြောကြားခဲ့မှုမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလွန််အရေးပါသည့်် အခိုက်အတံံ့ဖြစ််ကြောင််း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂုဏ််ပြုချီးကျူးသည်။

လွန်ခဲ့သည့် ၂ နှစ် (၂၀၂၁ ဖေဖော်ဝါရီ ၂၆)က သံအမတ်ကြီးဦးကျော််မိုးထွန်း၏ ရဲဝံ့သောရပ်တည်ချက်သည် တော်လှန်ရေးသမိုင်းစာမျက်နှာထက်တွင်မော်ကွန်းဝင်နေပြီဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်၌ ရေးသားသည်။

“မြန်မာပြည်သူများနှင့် နွေဦးတော်လှန်ရေးအတွက်ရဲဝံ့စွာရပ်တည်ခဲ့သော မြန်မာနိုင်ငံနှင့်မြန်မာပြည်သူများကို ကိုယ်စားပြုလျက် ၊ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းအား လေးစားစွာဂုဏ်ပြုအပ်ပါသည်” ဟု ဆက်လက််ဖော်ပြသည််။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)တွင် လက်သုံးချောင်းထောင်ကာ စစ်တပ််၏ အာဏာသိမ်းမှုကို လက်မခံကြောင်း ကမ္ဘာသိအောင် ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုစဥ်က UNGA တွင် သံအမတ်ကြီး ပြောကြားသည့် မိန့်ခွန်းတွင် စစ်တပ်၏အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ကမ္ဘာ့နိုင်ငံများက ထုတ်ပြန်ရန်၊ စစ်အစိုးရကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လေးစားရန် ကမ္ဘာ့ နိုင်ငံများက တိုက်တွန်းရေး၊ နိုင်ငံတော်အာဏာကို ပြည်သူရွေးကောက်ခံအစိုးရ မရမချင်း စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရေး၊ အာဏာသိမ်းမှုချက်ချက်အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သည့် အကြမ်းဖက်မှု၊သွေးထွက်သံယို လုပ်ရပ်များ ရပ်တန့်ရန် ဖြစ်နိုင်သမျှသော အပြင်းထန်ဆုံးအရေးယူမှုများကို ကမ္ဘာ့နိုင်ငံများက လုပ်ဆောင်ရေးနှင့် CRPH(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)ကို ကမ္ဘာ့နိုင်ငံများက ကူညီပံ့ပိုးရေး စသည့်အချက် ၆ချက်ကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook