Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ ချက်ကြီးရွာစစ်တပ်စခန်းအား PDFများစခန်းသိမ်းတိုက်ခိုက်၊ အောင်မြင်မှုရဟုPDFပြော

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်​နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

(ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Infinity Group)
(ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-Infinity Group)

▪︎စစ်ကောင်စီတပ်က Mi-35ရဟတ်ယာဥ်ဖြင့်စစ်ကူ​ပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်ရှိ ချပ်ကြီးရွာ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့မနက်တွင်PDFများက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ အောင်မြင်မှုရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အကြမ်းဖျဉ်းကတော့ ကန့်ဘလူခရိုင် တပ်ရင်း(၂)နဲ့ ပကဖ တွေအားလုံးပေါင်းပြီး ချက်ကြီးကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာပေါ့။ အောင်မြင်ပါတယ်။ အခုကတော့ လေယာဉ်နဲ့ ပြန်ဝိုက်လို့ ပြန်ဆုတ်နေရတဲ့ အနေအထား ဖြစ်နေတယ်။အခြားအသေးစိတ် အချက်အလက်တွေကိုတော့ အတိအကျမသိသေးလို့နော်” ဟုအထက်ပါ PDF က People’s Spring သတင်းဌာနသို့​ပြောသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်အခြေအနေများကို မသိရ​သေးဘဲ ၊ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

“လေယာဉ်နဲ့ လာပစ်ကူတာ။ MI-35နဲ့ အဲဒီ နားလေးက တပ်ကုန်းတို့ ဆားကျင်းတို့ ပိတောက်ပင်တို့ အဲဒီနားလေးတစ်ဝိုက်ကို လေယာဉ်နဲ့ ပစ်သွားတယ်။MI-35နဲ့”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ချပ်ကြီးရွာသည် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်း၌ တည်ရှိပြီး ယနေ့မနက်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသတွင်း သတင်းများဖော်ပြနေသည့် Infinity Groupက ဖော်ပြသည်။

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်​နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။