မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် စစ်ကောင်စီတပ်စွဲပြီး ရက်ပိုင်းအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ရဲ နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၆ ရက်)က မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ချောင်းဆုံကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့်အတူ Myingyan District Drone Strike Team တို့ပူးပေါင်း၍ ဒရုန်းဖြင့်ဗုံး သုံးကြိမ်ချတိုက်ခိုက်ခဲ့ကြောင်း NPDF တာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။
“အဲရွာမှာ တပ်စွဲထားတာမကြာသေးဘူး။ သုံးရက်လောက်ပဲရှိသေးတယ်။ သူတို့က တောနင်းတဲ့အထဲမှာ ရဲတပ်သားတွေပါ ထည့်ပြီးတောနင်းနေတယ်လို့သတင်းရတယ်။ သေသွားတာကလည်း ရဲတပ်သားလို့အတွင်း သတင်းရတယ်”ဟု Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။

Public Service Announcement
စစ်ရေးအရှိန်မြင့်လာ၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Natogyi People Defence Force က မေတ္တာရပ်ခံသည်။
ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ – ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။


















































