Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ – ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဥ်)
(စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဥ်)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် စစ်ကောင်စီတပ်စွဲပြီး ရက်ပိုင်းအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ရဲ နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ ​(မတ်လ ၆ ရက်)က မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ချောင်းဆုံကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့်အတူ Myingyan District Drone Strike Team တို့ပူးပေါင်း၍ ဒရုန်းဖြင့်ဗုံး သုံးကြိမ်ချတိုက်ခိုက်ခဲ့ကြောင်း NPDF တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။

“အဲရွာမှာ တပ်စွဲထားတာမကြာသေးဘူး။ သုံးရက်လောက်ပဲရှိသေးတယ်။ သူတို့က တောနင်းတဲ့အထဲမှာ ရဲတပ်သားတွေပါ ထည့်ပြီးတောနင်းနေတယ်လို့သတင်းရတယ်။ သေသွားတာကလည်း ရဲတပ်သားလို့အတွင်း သတင်းရတယ်”ဟု Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအရှိန်မြင့်လာ၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Natogyi People Defence Force က မေတ္တာရပ်ခံသည်။

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ – ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။