Connect with us

Hi, what are you looking for?

သတင်း

ထယ်ဘွေးတပ်စခန်းသို့လာသည့် စစ်ကြောင်း ချင်းပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ၂၀ဦးကျော်သေ

စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုကို Peiple’s Spring ကသီးခြားအတည်မပြုနိုင်​ပါ။တိုက်ပွဲများတွင် ချင်းတပ်ဖွဲ့ထိ့ခိုက်ကျဆုံးမှုကိုမူ မသိရ​သေးပါ။ပလက်ဝ CDF က တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိ​ကြောင်းထုတ်ပြန်ထားသည်။

(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)
(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)

ချင်းပြည်နယ် မတူပီ-ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ လာရောက်သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော်(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၇ရက်မှစ၍ မတူပီမှ ထွက်ခွာလာရာ CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF) ချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှု ၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ အခုနှစ် ဖေဖော်ဝါရီ ၂၇ကနေ အခု မတ်လ အကြားမှာ အဲဒီလမ်းတလျှောက်မှာ တိုက်ခိုက်မှုတွေလုပ်တာပေါ့။ တိုက်ပွဲဖြစ်နေတာပေါ့။ အဓိကတော့ ဖေဖော်ဝါရီ ၂၇မှာ ထယ်ဘွေးနဲ့ မတူပီကြားရှိတဲ့ လိုင်လင်းပီမြို့ အဲဒီ တစ်မိုင်ခန့်မှာ တစ်နာရီကျော်ကြာ တိုက်ခိုက်မှု ဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီက ၁ဦးသေပြီး ၅ဦး ဒဏ်ရာရတယ်။ ၂၈ရက် ဖေဖော်ဝါရီမှာ တစ်ခါ တိုက်ပွဲ ပစ်ခတ်မှု ပြန်ဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီက ၄ဦးသေဆုံးပြီး ၁၀ယောက်ထက်မနည်း ဒဏ်ရာရမယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီကPeople’s Spring သတင်းဌာနသို့ပြောသည်။

မတ်လ၃ရက်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး မတ်လ ၅ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)
(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)

ထို့အပြင်ပလက်၀ CDFကလည်း မတ်လ ၈ရက်နှင့် ၉ရက်နေ့ တိုက်ပွဲများကို ဖော်ပြခဲ့ရာ ပလက်၀နယ် ကိန်းကန်းကုန်း ရွာ နှင့် စခီဟာရွာအကြား၌ ထယ်ဘွေးစခန်းသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ ထို့ပြင် မတ်လ ၉ရက်တွင်လည်း တိုက်ပွဲ ၂ကြိမ်ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို​ကြောင့် ​ဖေ​ဖော်ဝါရီလ ၂၇ ရက်မှ မတ် ၅ ရက်အတွင်းတိုက်ပွဲများတွင်စစ်သား ၁၅ ဦးဝန်းကျင်​သေဆုံး​ပြီး ၂၂ ဦးဒဏ်ရာရရှိကြောင်းချင်းအမျိုးသားတပ်မတော်(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ​ပြောသည်။ ပလက်ဝCDF ထုတ်ပြန်ချက်အရ မတ် ၈၊ ၉ ရက်တိုက်ပွဲတွင်စစ်သား ၁၃ ဦး​သေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့၍ နှစ်ပါတ်အတွင်းစစ်သား ၂၈ ဦးဝန်းကျင်​သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုကို Peiple’s Spring ကသီးခြားအတည်မပြုနိုင်​ပါ။တိုက်ပွဲများတွင် ချင်းတပ်ဖွဲ့ထိ့ခိုက်ကျဆုံးမှုကိုမူ မသိရ​သေးပါ။ပလက်ဝ CDF က တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိ​ကြောင်းထုတ်ပြန်ထားသည်။

ယခင်က တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေသည့် မတူပီ – ပလက်၀ အကြားတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။