မတူပီ – ပလက်၀လမ်းရှိစစ်ကောင်စီတပ်၏ ထယ်ဘွေးစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၆ရက် နေ့လည်ပိုင်းတွင် မတူပီ CDFမှ အလစ်အငိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ထိုသို့ မတိုက်ခိုက်မီ ဖေဖော်ဝါရီ ၁၆ရက် နံနက် ၉နာရီခန့်က ထယ်ဘွေးရွာနေ ပြည်သူတစ်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်သည်။
မတူပီ CDFအနေဖြင့် အဆိုပါ ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီလဆန်းမှစ၍ တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

Public Service Announcement


















































