Connect with us

Hi, what are you looking for?

သတင်း

KAစခန်းတစ်ခုသိမ်းရန်ထိုးစစ်ဆင်​သောစစ်တပ် အထိနာပြီးပြန်ဆုတ်

ကရင်နီပြည် ဆိုတရှားမြို့နယ်(ရှားတော)တွင်ရှိသည့်ကရင်နီတပ်မတော်တပ်စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်မှ တပ်ရင်း(၃)ရင်းပူးပေါင်း၍ မတ်၁၁ ရက်တစ်​နေကုန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုKAကပြသထားမှု။ဓါတ်ပုံ-KniC)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုKAကပြသထားမှု။ဓါတ်ပုံ-KniC)

▪︎စစ်သားအ​လောင်း ၂ ​လောင်း လက်နက်ခဲယမ်းများရရှိ​ကြောင်းကရင်နီတပ်မ​တော်ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ်ရှိ ကရင်နီတပ်မတော် KA ၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ကောင်စီတပ်များ အထိနာ၍ပြန်ဆုတ်ခွာသွားပြီးစစ်သားအလောင်းနှစ်လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း ကရင်နီတပ်မတော် သတင်းပြန်ကြားရေး KnIC က ထုတ်ပြန်သည်။

ကရင်နီပြည် ဆိုတရှားမြို့နယ်(ရှားတော)တွင်ရှိသည့်ကရင်နီတပ်မတော်တပ်စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်မှ တပ်ရင်း(၃)ရင်းပူးပေါင်း၍ မတ်၁၁ ရက်တစ်​နေကုန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီဘက်မှ​ခြေမြန်တပ်ရင်းများဖြစ်​သော ခမရ-၃၃၇၊ ခမရ-၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူး ပေါင်းကာ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ မှစ၍ ညနေ ၆ နာရီ အထိပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“၃၃၇က မေလယုကနေ ၁၂၀နဲ့ပစ်တယ်။ ကျနော်မှတ်ထားရသလောက် ၁၅ လုံးလောက် ရှိတယ်။ ၃၃၄နဲ့ ၅၁၉ က ကျနော်တို့စခန်းကို အနီးကပ်တက်ပစ်တာ။ မနေ့ကပွဲမှာတော့ သူတို့မတက်နိုင်ဘူး။ ပြန်ဆုတ်တယ်။ ဒီနေ့ဆက်မလားတော့မသိသေးဘူး” ဟု က ရင်နီတပ်မတော် ရင်း(၃)စခန်းအား ကွပ်ကဲနေသည့် အရာရှိတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းရန်တက်လာသော စစ်ကောင်စီတပ်များသည် အထိနာသည့်အတွက်ပြန်လှည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်၏ အလောင်းနှစ်လောင်း၊ လက် နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကာ ကရင်နီတပ်မတော်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ကရင်နီတပ်မတော် ဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်မွီးက​ပြောသည်။

မတ်လအတွင်း ကရင်နီပြည်နယ်အရှေ့ခြမ်းဒေသတစ်ခုလုံးကို စစ်ကောင်စီတပ်က နေရာအနှံ့တစ်ပြိုက်နက် ထိုးစစ်ဆင်ပြီး စစ်ဆင်ရေးများပြုလုပ်​နေကာ အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်နေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ မတ်လ ၁၁ ရက်နေ့သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။ KA ၊KNDF ၊ KRU ၊ ​ဒေသခံPDF စ​သော ကရင်နီတပ်​ပေါင်းစုကလည်း စစ်​တပ်၏ ထိုးစစ်ကိုစနစ်တကျ ခုခံတိုက်ခိုက်လျှက်ရှိသည်။

မတ်လ ၁၀ ရက်နေ့က ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်းလည်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။